Category: <span>National Team</span>

The MFF » National Team

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွှေးစင် ယူ-၁၉ အသင်း ပဏာမ လူစာရင်းထုတ်ပြန်

May 8, 2016 / By Admin

ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် AFF U-19 Championship 2016  ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း၏ ပဏာမ လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း၏ နည်းပြများ ဦးမျိုးလှိုင်ဝင်း(နည်းပြချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးအောင်ကျော်ထွန်း (လက်ထောက်နည်းပြ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးဇော်ဝင်းနိုင် (ဂိုးနည်းပြ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) မြန်မာ ယူ-၁၉ အသင်း ကစားသမားများ ဂိုး – ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (MFF Youth)၊ထွန်းအောင်ကျော်(Horizon)၊ဟိန်းထက်ကျော်(ရတနာပုံ)။ နောက် –ဟိန်းဖြိုးဝင်း၊ရဲမင်းသူ၊မြတ်မင်းသူ (ရှမ်းယူနိုက်တက်)၊မင်းရဲထွဋ်(ရခိုင်ယူနိုက်တက်)၊သူရိန်စိုး(ရန်ကုန်ယူုနိုက်တက်)၊ ရဲရင့်အောင်၊ကျော်သူထွန်း(ရတနာပုံ)၊စိုးမိုးထွန်း(MFFYouth)၊ဝင်းမိုးကျော်၊ချမ်းမြေ့ထွန်း (မကွေး)၊  ထိုးရယ်(နေပြည်တော်)၊ ၊ကျော်စွာဝင်း(ဇွဲကပင်ယူနိုက်တက်)။ လယ် […]

အကြိတ်အနယ် ကစားပြီး မြန်မာအသင်း၏ ခြေစမ်းပွဲ သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့

May 1, 2016 / By Admin

ယနေ့ ညနေ ၅း၀၀ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် နိုင်ငံခြား ကစားသမား ညွန့်ပေါင်း အသင်းတို့ ခြေစမ်း ကစားခဲ့ကြရာ တစ်ဘက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ဆူဇူကီးဖလား အကြို ဖိတ်ခေါ်ဖလား ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် AYA Bank Cup 2016 ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့် နေသည့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုပွဲတွင် ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့ပြီး အဆုံးသတ် အားနည်းမှုများ ကြောင့်သာ ယခုကဲ့သို့ သရေရလဒ် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ဖိတ်ခေါ်ပွဲကြို ခြေစမ်းပွဲအဖြစ် မြန်မာနှင့် မလေးရှား ကစားမည်ဖြစ်ပြီး မြန်မာအသင်း ပဏာမ ၂၄ ဦးရွေးချယ်

April 19, 2016 / By Admin

၂၀၁၆ ခုနှစ်အတွင်း မြန်မာ့ လက်ရွေးစင် အမျိုးသား အသင်း ယှဉ်ပြိုင် ကစားရမည့် နိုင်ငံတကာ ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ဖလား ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလား (အာဆီယံ ချန်ပီယံရှစ်) ပြိုင်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးစာရင်းကို နည်းပြအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကစားသမား ၂၄ ဦးစာရင်းတွင် ပါရှိသည့် ကစားသမားများ အနေဖြင့် လာမည့် ဧပြီလ ၂၁ ရက်နေ့မှ မေလ (၁) ရက်နေ့အထိ စခန်းဝင် လေ့ကျင့်ရမည် ဖြစ်သည်။ ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း ဂိုး– ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ရန်အောင်လင်း […]

မြန်မာအမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ခြေစမ်းပွဲအား ရန်ကုန်၌ ကစားမည်

April 1, 2016 / By Admin

အစောပိုင်းက မန္တလေးမြို့တွင် ခြေစမ်းကစားရန် စီစဉ်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို ရန်ကုန်မြို့၌ ပြောင်းရွှေ့ကစားရန် သတ်မှတ်ခဲ့သည်။ အဆိုပါခြေစမ်းပွဲကို တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်မှ ရန်ကုန်၌ ကျင်းပပေးရန် တောင်းဆိုခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီးအသင်း တို့ ခြေ စမ်းပွဲကို လာမည့် ဇွန် ၄ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။  မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းဘောလုံးအသင်းသည် တောင်ကိုရီးယားအသင်းနှင့် ခြေစမ်းပွဲ မကစားမီ ဂျပန်နိုင်ငံသို့  မေ (၅)ရက်မှ စတင်ကာ သွားရောက် စခန်းသွင်း လေ့ကျင့်မည်ဖြစ်ပြီး မေ(၂၅)တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ဇွန် ၄ ရက်နှင့် […]

တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်း မြန်မာနိုင်ငံတွင် ခြေစမ်းပွဲလာကစားမည်

March 24, 2016 / By Admin

တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းသည် ၂၀၁၆ခုနှစ် ဇွန်တွင် မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာအမျိုး     သမီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ ကိုရီးယားအမျိုးသမီးအသင်းသည် ၂၀၁၆ ခုနှစ် ဇွန်(၂)ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ခြေစမ်းပွဲကစားရန်အတွက် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ကိုရီးယားအမျိုးသမီးအသင်း အနေဖြင့်  မြန်မာအမျိုးသမီးလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားသွားမည်ဖြစ်သည်။ ပထမခြေစမ်းပွဲကို ဇွန် (၄)ရက်တွင် လည်းကောင်း၊ ဒုတိယပွဲစဉ်ကို ဇွန် (၆)ရက်တွင်လည်းကောင်း ကစားမည်ဖြစ်သည်။ အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် တောင်ကိုရီးယား လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းတို့၏ ခြေစမ်းပွဲကို မန္တလေးမြို့ ၊ မန္တလာသီရီအားကစားကွင်းတွင် ညနေ ၅:၀၀ နာရီ၌ စတင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယား အသင်းနှင့် ခြေစမ်းပွဲ မကစားမီ ဂျပန်နိုင်ငံသို့  မေ (၅)ရက်မှ စတင်ကာ သွားရောက် […]

စင်ကာပူနှင့် မြန်မာ ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်း

March 23, 2016 / By Admin

စင်ကာပူ နိုင်ငံတွင် မနက်ဖြန် မတ်လ ၂၄ ရက်နေ့ ည (၇း၄၅)နာရီ၊ မြန်မာစံတော်ချိန် ညနေ (၆း၁၅) နာရီ၊ ဂျလန်ဘီဆာ ကွင်းတွင် ကျင်းပမည့် စင်ကာပူ လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ (၁၂း၀၀)နာရီက မြန်မာအသင်း တည်းခိုရာ Amara Hotel တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲသို့ စင်ကာပူနှင့် မြန်မာ လက်ရွေးစင် အသင်းများ၏ နည်းပြချုပ်များ၊ အသင်းခေါင်းဆောင် များနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ဂျပန်နိုင်ငံတွင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်မည်

March 22, 2016 / By Admin

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် လာမည့် မေလ (၅) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ရှီဇူအိုကာမြို့သို့ သွားရောက်၍ စခန်းသွင်း လေ့ကျင့်မှု များ ပြုလုပ်မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဇူလိုင် (၁၄) မှ သြဂုတ် (၅)ထိ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် ဖေဖော်ဝါရီ (၂၀)ရက်မှ စတင်ကာ နည်းပြချုပ် မစ္စတာ ရော်ဂျာရိုင်နာနှင့်အတူ ကွင်းဆင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် လာမည့် မေလတွင် ဂျပန်နိုင်ငံသို့ သွားရောက်၍စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီး ဂျေလိဂ်ကလပ်အသင်းများနှင့်လည်း ခြေစမ်းပွဲများကစားမည် ဖြစ်သည်။ လေ့ကျင့်ရေးကာလမှ  မေလ(၅)ရက်နေ့မှ (၂၄)ရက်နေ့အထိဖြစ်ပြီး (၂၅)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိ

March 18, 2016 / By Admin

AFF Women’s Championship 2016 ( အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆)ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လာမည့် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၄င်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် သြစတြေးလျ၊ မလေးရှား၊ (တောင်ကိုရီးယား၊တရုတ်တိုင်ပေ၊ဂျပန်) ၄င်းသုံးသင်းမှ တစ်သင်း၊ စုစုပေါင်း (၄)သင်းဖြင့် အုပ်စု(ခ)မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသမီးလက်ရွေးစင် အသင်းအနေဖြင့်လည်း အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင်မှုများကို အပတ် စဉ် ပြုလုပ်လျက် ရှိသည်။ မတ်လ ၁၈ ရက်နေ့တွင် ယူ-၁၄ အမျိုးသားလက်ရွေးစင် အသင်းနှင့်လည်း ဒုတိယကြိမ် ခြေစမ်းပွဲ ကစားခဲ့ ပြီးဖြစ်သည်။ ထို့အပြင် လေ့ကျင့်မှုပိုမို ထိရောက်စေရန်အတွက် လာမည့် မေလဆန်းပိုင်းတွင် […]

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန်နည်းပြဟောင်း မစ္စတာရိုင်နာတို့ စာချုပ်ချုပ်ဆိုပြီးစီး

February 18, 2016 / By Admin

ယနေ့ ညနေ(၂)နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် နယ်သာလန်နည်းပြဟောင်း မစ္စတာ ရော်ဂျာရိုင်နာတို့ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို MFF အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လက်မှတ်ရေးထိုးရာတွင် MFF အမှုဆောင်အရာရှိချုပ်နှင့် အထွေထွေအတွင်းရေးမှူး ဦးသန်းဇော်၊ မစ္စတာ ရော်ဂျာရိုင်နာအပြင် အသိသက်သေများအဖြစ် မြန်မာနိုင်ငံအမျိုးသမီးဘောလုံးအသင်းကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် အမျိုးသားလက်ရွေးစင်အသင်းနည်းပြချုပ် မစ္စတာဂတ်ဆီဇီတို့က ဆောင်ရွက်ပေးခဲ့သည်။ “ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာ နည်းပြချုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့အတွက် စိမ်ခေါ်မှုတစ်ခုလည်းဖြစ်သလို မြန်မာကစားသမားတွေမှာ အရည်အချင်းကောင်းတွေရှိတာကြောင့် အောင်မြင်မှုတွေရရှိမယ်လို့လည်း ယုံကြည်ထားလို့ပါ။ ဇူလိုင်လမှာကျင်းပမယ့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးရလဒ်ရမယ်လို့ မျှော်လင့်ထားပါတယ်။ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်အသင်းတို့ကို အနိုင်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။ အာဆီယံဒေသတွင်းမှာ မြန်မာအသင်းကို ထိပ်ဆုံးမှာ ပြန်မြင်ချင်နေတဲ့ ပရိသတ်တွေရဲ့ဆန္ဒကိုလည်း ကျွန်တော် ဖြည့်ဆည်းပေးသွားမှာပါ” ဟု […]