Category: <span>National Team</span>

The MFF » National Team

Hiring-National Youth Team Coach (U-17)

May 31, 2023 / By Admin

Myanmar Football Federation being on the edge of a new era of football culture and development is looking for a highly qualified Youth Coach for its National Youth Team U-17. Role & Responsibilities He identifies, coaches all potentially talented youth players (U15 – 17s), selected for the Myanmar National Youth Teams (U-17). In the meantime, […]

လိဂ်-၂ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် Junior Lions အသင်း

April 7, 2023 / By Admin

မြန်မာ့လက်‌ရွေးစင်ယူ-၁၈ (Junior Lions) အသင်းသည် ၂၀၂၃ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ပဏာမလက်‌ရွေးစင် ၃၅ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည်။ Junior Lions အသင်းကိုနည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာ၀န်ယူကိုင်တွယ်လျက်ရှိပြီး ယခင်မြန်မာ့လက်‌ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ယူ-၁၈ပြိုင်ပွဲမှ ပေါ်ထွက်လာသော ကစားသမားများ စုစုပေါင်းအယောက် ၅၀ကျော်မှ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ “ဒီအသင်းကို လာမယ့် ၂၀၂၄ခုနှစ်အတွင်းကျင်းပမယ့် အာဆီယံပြိုင်ပွဲနဲ့ အာရှအဆင့်ခြေစစ်ပွဲစ်တွေအတွက် ဖွဲ့စည်းခဲ့တာပါ။ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေသေးတယ်ဆိုပေမယ့် စနစ်တကျရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်လို့ လက်ရှိအစုအဖွဲ့လေး အားရကျေနပ်ပါတယ်။ လိဂ်-၂ပြိုင်ပွဲက အတွေ့အကြုံ အများကြီးရမယ့်ပြိုင်ပွဲ ဖြစ်လို့ အသင်းအတွက် အကျိုးရှိပါတယ် ” နည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။

အိုလံပစ်ခြေစစ်ပွဲတွင် အီရန်ကို အရေးနိမ့်ခဲ့သည့် မြန်မာအသင်း

April 5, 2023 / By Admin

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ပထမ အကျော့)အဖြစ် ဧပြီ ၅ ရက်၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခင်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ မြတ်နိုးခင် တို့ ပါဝင်ကစားခဲ့ကြသည်။ ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းသည် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများ အဆုံးသတ်ပိုင်း သေချာခြင်းမရှိခြင်း၊ မြတ်နိုးခင်၏ […]

ကာဂျစ္စတန်အသင်း၏ နောက်ကျဂိုးကြောင့် မြန်မာအသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

March 25, 2023 / By Admin

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် Hero Tri Nation International Football Tournament 2023 မြန်မာနှင့် ကာဂျစ္စတန်ပွဲစဉ်တွင် ကာဂျစ္စတန် အသင်း၏ နောက်ကျ ချေပဂိုးကြောင့် (၁-၁)ဂိုး သရေရလဒ်ဖြင့်သာ မြန်မာအသင်း ကျေနပ်ခဲ့ရသည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ပထမပွဲတွင် အိမ်ရှင်ကို (၁-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့ရသောကြောင့် ယနေ့ပွဲစဉ်တွင် ရလဒ်ကောင်းမွန်စေရေး အတွက် ၄း၂း၃း၁ ကစားဟန် အတိုင်း စနစ်တကျ ကစားခဲ့သည်။ ကာဂျစ္စတန် အသင်းရော မြန်မာအသင်းပါ နှစ်သင်းစလုံး ပထမပိုင်းတွင် ဂိုးကံသွင်းများ ရရှိခဲ့သော်လည်း နောက်တန်းနှင့် ဂိုးသမားတို့ အစွမ်းပြနိုင်ခဲ့ကြသလို မြန်မာအသင်း ရရှိသည့် ပင်နယ်တီ ကံခေသွားရသောကြောင့် ပထမပိုင်း (၀-၀)ဖြင့် သရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားပုံ […]

အိန္ဒိယအား အရေးနိမ့်ခဲ့သော်လည်း အသင်း စွမ်းဆောင်မှုကို ကျေနပ်မိကြောင်း မြန်မာအသင်း နည်းပြချုပ် ဖြေကြား

March 22, 2023 / By Admin

မြန်မာ့လက်ရွေးစင် အသင်းသည် Hero Tri-Nation International Football Tournament 2023 ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် အိန္ဒိယအသင်းအား (၁-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယနေ့ မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် ည (၇)နာရီက အင်ဖာမြို့ Khuman Lampak ကွင်းတွင်ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် ၄း၂း၃း၁ ကစားဟန်ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးရရှိနိုင်မည့် အခွင့်အလမ်းများ ဖန်တီးနိုင်ခဲ့သော်လည်း ပထမပိုင်း ပြီးကာနီး ထပ်ဆောင်းအချိန်ပို တစ်မိနစ်တွင် အိမ်ရှင်အသင်း၏ ကျောနံပါတ်(၇) A Thapa က မြန်မာနောက်တန်း ဖျက်ထုတ်ရာမှ ပြန်စင်ထွက်လာသည့် ဘောလုံးကို အနီးကပ် ပိတ်သွင်းယူခဲ့ပြီး (၁-၀)ဂိုးဖြင့် အိန္ဒိယအသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးအတွက် ပြန်လည်ကြိုးပမ်းခဲ့သော်လည်း […]

2024 AFC Women’s Olympic Qualifying Tournament first round အတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်

March 20, 2023 / By Admin

လာမည့် ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် 2024 AFC Women’s Olympic Qualifying Tournament first round အုပ်စု (ခ) ပွဲစဉ်များတွင် သတင်းလာရောက်ယူလိုသော မီဒီယာများအတွက် မီဒီယာဝင်ခွင့်ကတ်ပြားများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအနေဖြင့် မောလ်ဒိုက်စ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ သတင်းတက်ရောက်ယူလိုသော မီဒီယာများအနေဖြင့် အောက်ပါ Links မှ Media Accreditation Application Form တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်ပြီး […]

အိုလံပစ်အကြို ခြေစမ်းပွဲတွင် ကမ္ဘောဒီးယားကို ဂိုးပြတ်အနိုင်ရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

March 17, 2023 / By Admin

၂၀၂၄ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မတ် ၁၇ ရက်က ကမ္ဘောဒီးယား အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ အိအိကျော်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ အေးအေးမိုး၊ ပုံပုံပြည့်မောင်၊ ခင်မာ လာထွန်း၊နော်ထက်ထက်ဝေ၊ ရွှေရည်ထွန်း၊ ရူပါခိုင်၊ မြတ်နိုးခင်တို့ကို အသုံးပြုခဲ့ပြီး လူစားလဲမှုများအဖြစ် ပုံပုံပြည့်မောင်အစား ဂျူလိုင်ကျော်၊ ခင်မာလာထွန်းအစား မေစံပယ်ဖူး၊ ရူပါခိုင်အစား နန့်မေသဇင်၊ ရွှေရီထွန်းအစား စုပြည့်ပြည့်ကျော် ၊ ဖြူဖြူဝင်းအစား လင်းမြင့်မိုရ်တို့ကို လဲလှယ်အသုံးပြုခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို […]

အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်မည့် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး စာရင်း

March 16, 2023 / By Admin

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ဖိုက်တန်ဘိုင်နာ သည် အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ Hero Tri-Nation Friendly Tournament အား သွားရောက်ယှဉ်ပြိုင်ရန် အတွက် အပြီးသတ် ကစားသမား ၂၄ ဦးစာရင်းအား ထုတ်ပြန်လိုက်သည်။ အဆိုပါ ကစားသမား စာရင်းတွင် ပြည်တွင်း MNL ကလပ်အသင်းများမှ ကစားသမားများနှင့် အတူ ထိုင်း၊ မလေးရှား လိဂ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများ လည်း ပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် Hero Tri-Nation Friendly Tournament ပွဲစဉ် ပထမ ပွဲအဖြစ် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် မတ်လ ၂၂ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း […]

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် မိုက်ကယ် ဖိုက်တန်ဘိုင်နာ အား(၂)စာချုပ်ဖြင့် ခန့်အပ်

March 16, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ၂၀၂၃ ခုနှစ် မတ်လမှစတင် ခန့်အပ်တာဝန်ပေး လိုက်သည်။ အသက် ၆၃ နှစ်အရွယ် မိုက်ကယ်သည် နည်းပြဘဝအား ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့် စတင်ခဲ့ပြီး ဂျာမနီ၊ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှား တို့မှကလပ်အသင်းများအား တာဝန်ယူခဲ့သည်။ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ၁၇ လက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ မှစတင်ကာ မလေးရှားကလပ် ဆီလန်ဂေါတွင် […]

မြန်မာအမျိုးသမီးအသင်း တရုတ်နိုင်ငံတွင် (၁၀)ရက်ကြာ သွားရောက်လေ့ကျင့်မည်

March 14, 2023 / By Admin

၂၀၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင်မတ် ၁၄ရက်မှ ၂၄ရက် အထိ သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၄ဦးဖြင့် သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ် ၁၇ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ် ၁၉ ရက်တွင် Sichuan FC ၊ မတ် ၂၂ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။ ၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် […]