မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ် မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆို
မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း ( Partnership Contract) အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်(၁၁း၀၀)နာရီက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မက်စ်တွင် ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်း၊ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာ၀န်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များ၊ စပွန်ဆာကုမ္ပဏီများမှ တာ၀န်ရှိသူများ၊ လက်ရွေးစင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ Partnership စာချုပ် ချုပ်ဆိုပွဲတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧရာ၀တီဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ပံ့ပိုးကူညီရခြင်းနှင့် ပတ်သက်၍ […]