ကမ္ဘောဒီးယားဆီးဂိမ်း အမျိုးသမီးဘောလုံး အုပ်စု(က) ပွဲကြိုသတင်းစာရှင်းလင်း
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံး အုပ်စု(က) ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဒေသစံတော်ချိန် မေလ ၂ရက် မနက် (၁၁း၀၀)နာရီက ဖနွမ်းပင်ဟိုတယ်တွင် ကျင်းပခဲ့ရာ အုပ်စု(က)အသင်းများ ဖြစ်ကြသည့် ဖိလစ်ပိုင်၊ မြန်မာ၊ဗီယက်နမ်၊ မလေးရှားအသင်းတို့မှ နည်းပြချုပ်များနှင့် ဒေသတွင်းနိုင်ငံများမှ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနည်းပြချုပ် Uki Tetsuro က “မြန်မာအသင်းကို နည်းပြချုပ်အသစ်အနေနဲ့ ကိုင်တွယ်ချိန်ကနည်းခဲ့ပါတယ်။ ဒီကာလထဲမှာ ကစားသမားတွေ အုပ်ချုပ်မှုအဖွဲ့တွေအနေနဲ့ အကောင်းဆုံးပူးပေါင်းကြိုးစားခဲ့ကြပါတယ်။ တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်မယ့် အုပ်စုမှာ ကျရောက်နေတာဖြစ်လို့ မိမိတို့ တက်စွမ်းသလောက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ကျွန်တော့်အနေနဲ့ အသင်းကို အချက် ၂ချက်ပြင်ဆင်ခဲ့ပါတယ်။ အသင်းသားတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုပြန်ရလာဖို့နဲ့ ကျွန်တော်တို့အသင်းရဲ့ အားသာချက်တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ပါ။ […]