Category: <span>Women</span>

The MFF » Women

မြန်မာအမျိုးသမီးအသင်း တရုတ်နိုင်ငံတွင် (၁၀)ရက်ကြာ သွားရောက်လေ့ကျင့်မည်

March 14, 2023 / By Admin

၂၀၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင်မတ် ၁၄ရက်မှ ၂၄ရက် အထိ သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၄ဦးဖြင့် သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ် ၁၇ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ် ၁၉ ရက်တွင် Sichuan FC ၊ မတ် ၂၂ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။ ၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် […]

မလေးရှားကို အနိုင်ယူပြီး မြန်မာအမျိုးသမီးယူ-၂၀ အသင်း အာရှယူ-၂၀ ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်

March 12, 2023 / By Admin

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မတ် ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီက မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့ပြီဖြစ်သည်။ မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- မေဦးခင်၊ နောက်တန်း- နှင်းပွင့်အေး၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ အလယ်တန်း- ဖြူဖြူဝင်း၊ နန်းချိုမွှေး၊ ကြယ်စင်၊ ဝေဟင်ဖြိုး၊ စန္ဒာလင်း […]

အာရှ ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရန် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း ထွက်ခွာ

March 6, 2023 / By Admin

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ (မတ် ၆ ရက်) နံနက်ပိုင်းက ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာခဲ့သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို အုပ်ချုပ်သူအဖြစ် ဒေါ်နှင်းစန္ဒာဦး၊ နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၉ ဦး၊ ကစားသမား ၂၃ ဦး၊ စုစုပေါင်း ၃၂ ဦးလိုက်ပါသွားသည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၂ ရက်ထိ […]

အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အီရန်၊ဘင်္ဂလားဒေ့ရှ်၊မော်လ်ဒိုက်စ်တို့နှင့်အတူကျရောက်

January 12, 2023 / By Admin

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုရေးဆွဲခြင်းကို ဇန်နဝါရီ ၁၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင်အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်ကို အသင်းပေါင်း (၂၆) သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး(၄)သင်းပါ (၅) အုပ်စု၊ (၃)သင်းပါ (၂) အုပ်စု ခွဲခြားထားကာ ပွဲစဉ်များကို ၂၀၂၃ ဧပြီ ၃ရက်မှ ၁၁ ရက်အထိ ကစားသွားမည်ဖြစ်သည်။ ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စု ပထမရသည့်အသင်းများသည် ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ယင်းအဆင့်တွင် ဦးစား ပေးအဆင့်အမြင့်ဆုံး (၅)သင်းအဖြစ် သတ်မှတ်ခံထားရသော […]

အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကို ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

December 31, 2022 / By Admin

၂၀၂၃ ခုနှစ်အတွင်း အိုလံပစ်ခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကို ၂နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။ အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပိ ဒေါ်သက်သက်ဝင်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပြည်တွင်းအမျိုးသမီးလိဂ်များအပြီး နိုဝင်ဘာလမှ စတင်ကာ စုစည်းလေ့ကျင့်လျက်ရှိပြီး လက်ရှိအချိန်တွင် အသင်းအား ပဏာမ ကစားသမား (၃၅)ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပဲရစ်မြို့တွင်ကျင်းပမည့် ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်များ၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် က‌မ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) တို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ “ဒီနှစ်ထဲမှာ အမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲတွေအများကြီးရှိပါတယ်။ လက်ရှိအခြေအနေမှာရှိနေတဲ့ လူအင်အား၊ ထောက်ပံ့မှုတွေနဲ့ အကောင်းဆုံးရလဒ်ရအောင်ကြိုးစားသွားပါမယ်။ ယုံကြည်ပြီး တာဝန်ပေးတဲ့အတွက် ကိုယ့်ဘက်ကအကောင်းဆုံးကြိုးစားသွားမှာပါ”ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းကပြောသည်။ ဒေါ်သက်သက်ဝင်းသည် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် […]

၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၃ ရက်တွင် စတင်ကျင်းပမည်

September 28, 2022 / By Admin

၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဉီးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းပိုင်ရှင်/ဥက္ကဌများ၊ အသင်း အမှုဆောင်အရာရှိချုပ်များနှင့် အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြိုင်ပွဲစပွန်ဆာ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိမြန်မာ့အမျိုးသမီး ဘောလုံးလောက ကမ္ဘာ့အဆင့် ရပ်တည်မှုအပေါ် အခြေခံ၍ ပိုမိုမြင့်တက်လာနိုင်မည့်အခြေအနေများ၊ လာမည့်နှစ် အမျိုးသမီးလိဂ်ပြိင်ပွဲအား ယခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီမံ ရေးဆွဲထားသည့် အခြေအနေများ၊ ပြိုင်ပွဲဝင် […]

အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် တတိယလုပွဲတွင် ထိုင်းကို အရေးနိမ့်ခဲ့သည့် မြန်မာ

August 4, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဩဂုတ် ၄ရက် က မြန်မာနှင့် ထိုင်း အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၀ဂိုးဖြင့် အရေးနိမ့်ခဲ့ပါသည်။ မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ ရွှန်းလဲ့နိုင်၊ အလယ်တန်းတွင် စုမြတ်နိုး၊ ဝေဖူးအိမ်၊ ခင်စန်းလွင်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ထိုင်းအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ကြေးတံဆိပ်ရရှိရန် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး ထိုင်းအသင်းမှ ရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ယခုပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း မိနစ် ၂၀တွင် ထိုင်းအသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန် ပွဲချိန်ပြည့် […]

အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ

August 2, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဩဂုတ် ၂ရက်က မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုးဖြင့် ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ပါသည်။ မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ အလယ်တန်းတွင် နှင်းပွင့်အေး၊ နန်းချိုမွှေး၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် စုမြတ်နိုး၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး ရေကုန်ရေခမ်းအကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗီယက်နမ်အသင်း၏ လျင်မြန်သော တန်ပြန်တိုက်စစ်မှတဆင့် ဂိုးများကို ခွင့်ပ​ြုခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းမိနစ် ၂၀ အထိ မြန်မာအသင်းက အဝေးကန်ချက်များဖြင့် ဗီယက်နမ်နောက်တန်းကို […]

အာဆီယံအမျိုးသမီးချန်ပီယံရှစ် ကြေးတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျပ်သိန်း(၁၀၉၀) ချီးမြှင့်

August 2, 2022 / By Admin

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ၂၀၂၂ (AFF Women’s Championship 2022)တွင် တတိယဆု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုဆု တံဆိပ်နှင့်ငွေသားစုစုပေါင်း ကျပ်သိန်း(၁၀၉၀) ကို ဩဂုတ် ၁ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်း များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိသည့် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့် သင်တန်းများတွင်ထူးချွန်ဆုရရှိခဲ့သူ(၄)ဦးကို ဂုဏ်ပြုဆုတံဆိပ် အားလည်းကောင်း၊ (၅၄)ကြိမ်မြောက် […]

ဩစတြေးလျကို အရေးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၈ အသင်း

July 29, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၂၉ရက် က Athletic Stadium တွင် မြန်မာနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲဆက် အနိုင်ရရှိထားခြင်းကြောင့် ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ် သို့တက်ရောက်နိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် နည်းပြချုပ် ဒေါ်သက်သက်၀င်းက အဓိက ကစားသမားအများစုကို အနားပေးခဲ့သည်။ ပွဲအစ ၃မိနစ်တွင် ဩစတြေးလျအသင်း ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ပွဲချိန်၂၃ မိနစ်တွင် ဇင်မိုးပြည့်မှ အလွတ်တည်ကန်ဘော မှတဆင့် မြန်မာအသင်းအတွက် ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုများပြုလုပ်ခဲ့ကြပြီး ပွဲချိန် ၆၅မိနစ်တွင် ဩစတြေးလျအသင်းက အနိုင်ဂိုး ရရှိခဲ့သောကြောင့် […]