Category: <span>Stadium</span>

The MFF » Stadium

ပြိုင်ပွဲကြီးကြပ်သူ (MC)သင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

October 20, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner (MC) Course – Mandalay 2023 ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းတွင်ကျင်းပခဲ့သည်။ MC သင်တန်းသို့ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ ဒေသခံ သင်တန်းသား စုစုပေါင်း ၃၉ ဦး တက်ရောက်လျှက်ရှိပြီး ၃ ရက်ကြာ သင်ကြားပို့ချမည် ဖြစ်သည်။ မြန်မာနိုင်ငံ ‌ဘောလုံး အဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်ကျင်းပလျှက်ရှိသော ပြိုင်ပွဲများ စနစ်တကျ ကျင်းပစေနိုင်ရေး အတွက် အဆိုပါ သင်တန်းအား ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။

လူငယ် မျိုးဆက်သစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ယူ-၁၅ လိဂ်ပြိုင်ပွဲကျင်းပမည်

March 2, 2023 / By Admin

လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာရေး အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်းညွှန်ချက်များအတိုင်း ကျင်းပသွားမည့် FIFA-MFF U15 Youth League 2023 အား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၃)တွင် အဓိက ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအား  တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ မြို့နယ်များမှ ယူ- ၁၅ အမျိုးသား အသင်းများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အသင်းတစ်သင်းချင်းစီ အတွက် ထောက်ပံ့ကြေးများ ပေးအပ်ရေး၊ လူငယ်လိဂ်ပြိုင်ပွဲအား စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ကျင်းပရေး၊ ပရိသတ်များ အားပေးနိုင်ရေး အတွက် တိုက်ရိုက်ထုတ်လွှင့်မှု စီစဉ်ဆောင်ရွက်ရေးနှင့် သတင်းအချက်အလက်များ ထုတ်ပြန်ရေး၊ ထူးချွန်သည့် ကစားသမားများအား Scouting Team ထားရှိပြီး သက်တမ်းအလိုက် မြန်မာ့ လက်ရွေးစင် […]

အာဆီယံ ချန်ပီယံရှစ်ပြင်ဆင်မှုအဖြစ် ကစားခဲ့သည့်ခြေစမ်းပွဲတွင် ထိုင်းအသင်းကို မြန်မာအသင်း အရေးနိမ့်

December 11, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံ ချန်ပီယံရှစ် ပွဲကြိုပြင်ဆင်မှု အဖြစ် ထိုင်းလက်ရွေးစင် အသင်းနှင့် ယနေ့ည ၈း၀၀ နာရီက သမ်မာဆက် ကွင်းတွင် ခြေစမ်းကစားခဲ့ရာ (၆-၀)ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ၅း၃း၂ ကစားဟန်ဖြင့် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ငြိမ်းချမ်း၊ ဟိန်းဇေယျာလင်း၊ ဟိန်းထက်အောင်၊ အလယ်တန်း-ကျော်မင်းဦး၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း-မြတ်ကောင်းခန့်၊ မောင်မောင်လွင် တို့ဖြင့် စတင်ပွဲထွက်ခဲ့သည်။ ထိုင်းအသင်းတွင်လည်း ထိုင်းလိဂ် ခြေစွမ်းပြ ကစားသမားများဖြင့် လူစုံခဲ့ပြီး မြန်မာအသင်းအား ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားသွားခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းသည် ထောင့်ကန်ဘော အပါအဝင် ဂိုးသွင်းခွင့်အချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ထိုင်းအသင်းသည် အိမ်ရှင်အသင်း […]

ပဏာမ မြန်မာ့လက်ရွေးစင်အသင်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ စတင်

November 28, 2022 / By Admin

ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ အပါအဝင် ထိုင်းလိဂ် ကလပ်အသင်း အချို့နှင့် ခြေစမ်းပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ မွန်းလွဲ ၁၂ နာရီက ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် အသင်းတည်းခိုရာ ဟိုတယ်သို့ ရောက်ရှိပြီးနောက် ဒေသစံတော်ချိန် ညနေ ၆း၃၀ နာရီတွင် BG Pathum United F.C. အသင်း လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ကစားသမား ၂၅ ဦးပါဝင်သည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ထိုင်းလိဂ်(၁) အသင်း Chonburi F.C. အသင်းနှင့် ကွင်းပိတ် […]

ဟောင်ကောင်နှင့်မြန်မာဒုတိယခြေစမ်းပွဲဂိုးမရှိသရေကျ

September 24, 2022 / By Admin

ဟောင်ကောင်နှင့် မြန်မာ လက်ရွေးစင် အသင်းနှစ်သင်း၏ ဒုတိယမြောက် ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက်၊ ဟောင်ကောင် စံတော်ချိန် ည(၈း၀၀)နာရီက ဟောင်ကောင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ဂိုးမရှိသရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင် ဟောင်ကောင် အသင်းအား ခံစစ်အသားပေး ကစားဟန်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီ အိမ်ရှင် ပရိသတ် တစ်သောင်းခွဲကျော် လာရောက်ကြည့် ရှု့အားပေးခဲ့သည်။ ဟောင်ကောင်အသင်းသည် အမြင့်ဘောများဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ စနစ်တကျ ခုခံကာကွယ်ထားနိုင်ခဲ့သဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းဘက်မှ ရှေ့တန်းလူ ဝင်းနိုင်ထွန်း၏ ကန်သွင်းချက်များနှင့် ဂိုးရရန် ကြိုးပမ်းချက်များကိုလည်း ဟောင်ကောင်ဂိုးသမား ကာကွယ်နှိင်ခဲ့သည်။ ပွဲအပြီးတွင် ဂိုးမရှိသရေကျခဲ့ပြီး မြန်မာအသင်း ကွင်းလယ်လူ အောင်နိုင်ဝင်းက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ […]

Letter of Condolence on the passing of Mr. Lim Kia Tong

September 15, 2022 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းစာလွှာပေးပို့ခြင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် စက်တင်ဘာ ၁၄ ရက်က ကွယ်လွန်သွားခဲ့သည့် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ လင်ကီတွန်အတွက် ဝမ်းနည်းကြောင်းစာလွှာအား စင်ကာပူ ဘောလုံး အဖွဲ့ချုပ်ထံသို့ ပေးပို့ခဲ့ပါသည်။ စာလွှာအပြည့်အစုံမှာ- မစ္စတာ လင်ကီတွန် ကွယ်လွန်ခြင်းအတွက် ထပ်တူဝမ်းနည်းပါကြောင်း စာလွှာ ပေးပို့ခြင်း အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ လင်ကီတွန်သည် စက်တင်ဘာ ၁၄ […]

သုဝဏ္ဏကွင်းကြီးအတွင်း လစ်လပ်လျှက် ရှိသည့် ခုံများကို ပြန်လည်တပ်ဆင်

February 7, 2016 / By Admin

သုဝဏ္ဏ အားကစားကွင်းကြီး အတွင်းရှိ ပွဲကြည့်စင်များပေါ်မှ ဆိုးသွမ်း ပရိသတ် အချို့ကြောင့် လစ်လပ်လျှက် ရှိသည့် ထိုင်ခုံများ နေရာတွင် ယခုအခါ ခုံအသစ်များကို ဖြည့်တင်း တပ်ဆင်လျှက် ရှိသည်။