Category: <span>competition</span>

The MFF » competition

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် (ရန်ကုန်တိုင်းဒေသကြီး) ခြေစစ်ပွဲစဉ်များ စတင်

April 24, 2023 / By Admin

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ခြေစစ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth […]

အာရှအမျိုးသမီး ယူ-၁၇ ခြေစစ်ပွဲ တာဝန်ထမ်းဆောင်ရန် မြန်မာအမျိုးသမီးဒိုင် (၂)ဦး ဗီယက်နမ်သို့ထွက်ခွာ

April 19, 2023 / By Admin

AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။ လာမည့် ဧပြီ ၂၂ရက်မှ ၂၆ရက်အထိ ဗီယက်နမ်တွင် ကျင်းပမည့် AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်၏ အုပ်စု (ဂ)တွင် တာဝန်ယူကိုင်တွယ် ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်း တို့က ‌ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ အုပ်စု (ဂ)တွင် အိမ်ရှင်ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်၊ ပါလက်စတိုင်း၊ ဘာရိန်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

လိဂ်-၂ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် Junior Lions အသင်း

April 7, 2023 / By Admin

မြန်မာ့လက်‌ရွေးစင်ယူ-၁၈ (Junior Lions) အသင်းသည် ၂၀၂၃ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ပဏာမလက်‌ရွေးစင် ၃၅ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည်။ Junior Lions အသင်းကိုနည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာ၀န်ယူကိုင်တွယ်လျက်ရှိပြီး ယခင်မြန်မာ့လက်‌ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ယူ-၁၈ပြိုင်ပွဲမှ ပေါ်ထွက်လာသော ကစားသမားများ စုစုပေါင်းအယောက် ၅၀ကျော်မှ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ “ဒီအသင်းကို လာမယ့် ၂၀၂၄ခုနှစ်အတွင်းကျင်းပမယ့် အာဆီယံပြိုင်ပွဲနဲ့ အာရှအဆင့်ခြေစစ်ပွဲစ်တွေအတွက် ဖွဲ့စည်းခဲ့တာပါ။ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေသေးတယ်ဆိုပေမယ့် စနစ်တကျရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်လို့ လက်ရှိအစုအဖွဲ့လေး အားရကျေနပ်ပါတယ်။ လိဂ်-၂ပြိုင်ပွဲက အတွေ့အကြုံ အများကြီးရမယ့်ပြိုင်ပွဲ ဖြစ်လို့ အသင်းအတွက် အကျိုးရှိပါတယ် ” နည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။

2024 AFC Women’s Olympic Qualifying Tournament first round အတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်

March 20, 2023 / By Admin

လာမည့် ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် 2024 AFC Women’s Olympic Qualifying Tournament first round အုပ်စု (ခ) ပွဲစဉ်များတွင် သတင်းလာရောက်ယူလိုသော မီဒီယာများအတွက် မီဒီယာဝင်ခွင့်ကတ်ပြားများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအနေဖြင့် မောလ်ဒိုက်စ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ သတင်းတက်ရောက်ယူလိုသော မီဒီယာများအနေဖြင့် အောက်ပါ Links မှ Media Accreditation Application Form တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်ပြီး […]

MFF Rhino Futsal League 2022 ပြိုင်ပွဲ အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

February 24, 2023 / By Admin

MFF Rhino Futsal League 2022 ပြိုင်ပွဲအတွက် ပွဲကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် MFF Rhino Futsal League 2022 ပြိုင်ပွဲ၏ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသစ်ပြင်ဆင်ထားသော ဖူဆယ် ဥပဒေများကို ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ဝတ်ဆင်မည့် ဂျာစီ အရောင်များကို အတည်ပြုခဲ့ကြသည်။ MFF Rhino Futsal League 2022 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။ MFF […]

MFF Futsal League 1 & 2 (2022) မဲခွဲပွဲပြုလုပ်

February 7, 2023 / By Admin

MFF Futsal League 1 & 2 (2022) ပြိုင်ပွဲများ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် ပွဲစဉ်များ မဲခွဲပွဲအခမ်အနားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ MFF Futsal League 1 & 2 ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပွဲစဉ်များ မဲခွဲပွဲကို ဆက်လက်ကျင်းပခဲ့သည်။ MFF Futsal League 1 (2022) […]

MFF Internal Academy Football Tournament 2022 (U-14 & U-15)ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်း ဗိုလ်စွဲ

December 28, 2022 / By Admin

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ U-14 & U-15 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်းက ဗိုလ်စွဲခဲ့သည်။ U-14 & U-15 ပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်းပါဝင်ပြီး ရန်ကုန် အကယ်ဒမီ (က)နှင့် (ခ)၊ ပုသိမ်အကယ်ဒမီ (က)နှင့် (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ(က) အသင်းက ငါးပွဲကစား၊ ငါးပွဲနိုင်၊ ရမှတ် ၁၅ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ MFF Internal Academy Football […]

MFF Internal Academy Football Tournament 2022 (U-12 & U-13)တွင် ပုသိမ်အကယ်ဒမီ ဗိုလ်စွဲ

December 27, 2022 / By Admin

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိရာ U-12 & U-13 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ အသင်းက ဗိုလ်စွဲခဲ့သည်။ U-12 & U-13 ပြိုင်ပွဲတွင် အသင်းပေါင်း ငါးသင်းပါဝင်ပြီး ရန်ကုန်အကယ်ဒမီ၊ မန္တလေး အကယ်ဒမီ၊ ပုသိမ် အကယ်ဒမီ၊ တပ်မတော်အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ အသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို […]

အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် တတိယလုပွဲတွင် ထိုင်းကို အရေးနိမ့်ခဲ့သည့် မြန်မာ

August 4, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဩဂုတ် ၄ရက် က မြန်မာနှင့် ထိုင်း အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၀ဂိုးဖြင့် အရေးနိမ့်ခဲ့ပါသည်။ မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ ရွှန်းလဲ့နိုင်၊ အလယ်တန်းတွင် စုမြတ်နိုး၊ ဝေဖူးအိမ်၊ ခင်စန်းလွင်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ထိုင်းအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ကြေးတံဆိပ်ရရှိရန် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး ထိုင်းအသင်းမှ ရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ယခုပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း မိနစ် ၂၀တွင် ထိုင်းအသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန် ပွဲချိန်ပြည့် […]

အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ

August 2, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဩဂုတ် ၂ရက်က မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုးဖြင့် ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ပါသည်။ မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ အလယ်တန်းတွင် နှင်းပွင့်အေး၊ နန်းချိုမွှေး၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် စုမြတ်နိုး၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး ရေကုန်ရေခမ်းအကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗီယက်နမ်အသင်း၏ လျင်မြန်သော တန်ပြန်တိုက်စစ်မှတဆင့် ဂိုးများကို ခွင့်ပ​ြုခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းမိနစ် ၂၀ အထိ မြန်မာအသင်းက အဝေးကန်ချက်များဖြင့် ဗီယက်နမ်နောက်တန်းကို […]