Category: <span>competition</span>

The MFF » competition

ဆီးဂိမ်းစ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို အရေးနိမ့်ခဲ့တဲ့ မြန်မာ

May 15, 2022 / By Admin

(၃၁) ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာယူ-၂၃အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၃ အသင်းတို့သည် ယနေ့ (မေ၁၅ရက်) တွင် Viet Tri stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၃-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးပါသည့်ပွဲစဉ်ဖြစ်တာနှင့်အညီ အစွမ်းကုန်အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ရင်ဆိုင်ခဲ့သည့် လူစာရင်းအတိုင်းပြန်လည်အသုံးပြုခဲ့ပြီး ကွင်းလယ်ကစားသမား ရန်ကျော်စိုးနေရာတွင် တိုက်စစ်မှူး ထက်ဖြိုးဝေ ကိုပွဲထုတ်၍ တိုက်စစ်မြှင့်၍ ယှဉ်ပြိုင်ကစားခဲ့ပါသည်။ ပထမပိုင်းတွင် မြန်မာအသင်း၏ အထနှေးနေမှုကို အင်ဒိုနီးရှားအသင်းက ကောင်းစွာအသုံးချနိုင်ခဲ့ပြီး ပွဲအစ ၁၀မိနစ်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုးဆက်တိုက်ခွင့်ပြုခဲ့ရသည်။ ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးနောက် မြန်မာအသင်း ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ကျစ်လစ်သော အင်ဒိုနီးရှားနောက်တန်းကစားပုံကြောင့် […]

ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃

May 13, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်ယူ-၂၃အသင်းနှင့် မြန်မာယူ-၂၃အသင်း တို့သည် ယနေ့ (မေ ၁၃ရက်) Viet Tri Stadium တွင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၁-၀ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းသည် အဖွင့်ပွဲစဉ်များတွင် အသုံးပြုခဲ့သော ကစားသမားအများစုကို ပြန်လည်အသုံးပြုခဲ့သော်လည်း ကစားကွက်အပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီး နောက်တန်း ၅ယောက်ပုံစံနှင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။ ဗီယက်နမ်အသင်းကလည်း အိမ်ရှင်ပရိသတ်ရှေ့တွင် ရလဒ်ကောင်းရရှိရေးအတွက် မြန်မာအသင်းကို ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့သည်။ သို့သော် မြန်မာအသင်း၏ ကျစ်လစ်သော နောက်တန်းကစားပုံကြောင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ထင်တိုင်းမပေါက်ခဲ့ဘဲ အနိုင်ဂိုးရရှိရန် ပွဲချိန်ပြည့်ရုန်းကန်ခဲ့ရသည်။ ယခုပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးကြီးပွဲစဉ်ဖြစ်သောကြောင့် နှစ်ဖက်အသင်းသားများအားလုံး အာရုံစူးစိုက်မှုအပြည့်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါသည်။ ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့သော်လည်း ဗီယက်နမ်နောက်တန်းကစားသမားများ၏ လူကပ်ကစားပုံကောင်းမွန်မှုကြောင့် ဂိုးရရှိမည့် အခွင့်အရေးများလက်လွတ်ခဲ့ရသည်။ […]

ဖိလစ်ပိုင်ကို အနိုင်ယူပြီး အုပ်စု(က)ကို ဦးဆောင်ခဲ့တဲ့ မြန်မာယူ-၂၃အသင်း

May 10, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို ၃-၂ဂိုးဖြင့် အနိုင်ရရှိပြီးနောက် မြန်မာအသင်းသည် ရမှတ် (၆)မှတ်ဖြင့် ပြိုင်ပွဲ၏ အုပ်စု(က)ကို ဦးဆောင်နိုင်ခဲ့သည်။ ယင်းပွဲစဉ်ကို မေ ၁၀ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Viet Tri Stadium တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအသင်းသည် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်းပွဲထွက်လာခဲ့ပြီး ပွဲအစကတည်းက ဖိလစ်ပိုင်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ မြန်မာအသင်း၏ မြန်ဆန်သောတိုက်စစ်တွဲလုံးများဖြင့် ပွဲချိန် ၂ မိနစ် ကတည်းက ဝင်းနိုင်ထွန်း၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးရရှိပြီးနောက် မြန်မာအသင်းက ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဂိုးကံခေမှုကြောင့် အပိုင်အခွင့်အရေးအချို့ကို လွဲချော်ခဲ့ရသည်။ ပွဲချိန် ၃၄မိနစ်တွင် ဖိလစ်ပိုင်အသင်း၏ ချေပဂိုးကို ခွင့်ပ​ြုခဲ့ရပြီး ၃၈မိနစ်တွင် ပင်နယ်တီထပ်မံပေးခဲ့ရသောကြောင့် ပထမပိုင်းအပြီး ဖိလစ်ပိုင်အသင်းက ၂-၁ဂိုးဖြင့် […]

ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း

May 8, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်တစ်ပွဲ အဖြစ် မြန်မာယူ-၂၃အသင်းနှင့် အရှေ့တီမော ယူ-၂၃အသင်း တို့ မေ ၈ရက်က Viet Tri Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၂ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်သည် မြန်မာအသင်းအတွက် အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်သောကြောင့် စိုးမိုးကျော်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း အစရှိသည့် အမာခံကစားသမားများကိုပွဲထုတ်ခဲ့ပြီး အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ထားသည့် အရှေ့တီမောအသင်းကလည်း မြန်မာအသင်းကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့သည်။ ပထမပိုင်းပွဲစကတည်းက မြန်မာအသင်းသည် ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အမြောက်အများကို ဖန်တီးနိုင်ခဲ့ကာ ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၃၇မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၄၁မိနစ်တွင် ထက်ဖြိုးဝေတို့က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းမှ […]

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း အပြီးသတ်လူစာရင်း

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ပြုလုပ်မည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က မေ ၅ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းတွင် သက်ကျော်ကစားသမား (၃)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးကို ရွေးချယ်ထားသည်။သက်ကျော်ကစားသမားအဖြစ် နောက်ခံလူ ဝင်းမိုးကျော်နှင့် တိုက်စစ်မှူး မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဂိုးသမားနှစ်ဦးဖြစ်သည့် အောင်ကိုလတ်နှင့် သူရကျော်၊ တိုက်စစ်မှူးများဖြစ်သည့် ရဲရင့်အောင်နှင့် ရာဇာအောင်တို့ကိုလည်း အရန်သင့်အစားထိုးကစားသမားများအဖြစ် ထပ်ပေါင်းရွေးချယ်ထားပြီး အသင်းနှင့်ဆက်လက်ပူးတွဲလေ့ကျင့်စေမည်ဖြစ်သည်။ မြန်မာယူ-၂၃အသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၄) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပ​ြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် မြန်မာ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ် ” ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တစ်နှစ်ကျော်အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျအချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” […]

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်

May 3, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့သည် မေ ၂ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပူးပေါင်းခဲ့သည်။ ယနေ့ (မေ ၃ရက်) တွင် ဗီယက်ထရွိုင်မြို့၊ Bal Bang Field လေ့ကျင့်ရေးကွင်းတွင် ပဏာမလက်ရွေးစင်ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို သက်ကျော်ကစားသမား ၇ဦး အပါအဝင် စုစုပေါင်း ပဏာမလက်ရွေးစင်ကစားသမား ၂၉ဦး ဖြင့်ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို လာမည့် မေ ၅ရက်တွင် ကြေညာသွားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် […]

ဆီးဂိမ်းစ်အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် ကြေညာမည်

April 22, 2022 / By Admin

လာမည့် မေလအတွင်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် တရားဝင်ကြေညာမည်ဟု နည်းပြချုပ် ပိုပေါ့ဗ်က ဆိုသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လက်ရှိတွင် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ပဏာမလက်ရွေးစင်အဖြစ် ကစားသမား (၂၉)ဦးကို ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ၂၀၂၁ခုနှစ် နှစ်စကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃အသင်းကို ၂၀၁၉ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ စိုးမိုးကျော် အစရှိသော ကစားသမားများကိုအခြေခံပြီး ယူ-၁၉ အသင်းမှ ထွက်ပေါ်လာသော မျိုးဆက်သစ်ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဆီးဂိမ်းပြိုင်ပွဲသည် အသက် (၂၃)နှစ်အောက်ပြိုင်ပွဲဖြစ်သော်လည်း သက်ကျော်ကစားသမား သုံးဦးထည့်သွင်းခွင့်ပြုထားရာ မြန်မာယူ-၂၃ […]

Myanmar is in Group F of the AFC Asian Cup China 2023 Qualifiers final round

February 24, 2022 / By Admin

The official draw ceremony of the AFC Asian Cup China 2023 Qualifiers final round was held virtually in Kuala Lumpur, Malaysia on February 24. The qualifiers matches will be held on June in Kyrgyzstan and Myanmar is grouped together with Kyrgyzstan, Tajikistan and Singapore in Group F. Kyrgyzstan and Tajikistan are played same group in […]

အာဆီယံချန်ပီယံရှစ်အတွက်ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာယူ-၂၃အသင်း လေ့ကျင့်ရေးအစီအစဉ်များစတင်

February 9, 2022 / By Admin

မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ချန်ပီယံရှစ် (AFF U-23 Championship) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၈ရက် မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်များကို စတင်ပြုလုပ်လျက်ရှိပါသည်။ AFF U-23 Championship (အာဆီယံယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ အုပ်စု(က)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဘရူနိုင်း၊ အုပ်စု(ဂ)တွင် ထိုင်း၊ဗီယက်နမ် နှင့် စင်ကာပူအသင်းတို့ပါဝင်သည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက် အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုမှ အုပ်စုပထမ သုံးသင်းနှင့် အကောင်းဆုံးဒုတိယရရှိသောအသင်းတစ်သင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် […]