MFF Carabao Amateur Futsal ပြိုင်ပွဲ အတွက် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ
MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီနှင့် Century Beverage Co.,LTD တို့ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲကို ဇွန် ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ Century Beverage Co.,LTD မှ Managing Director ဦးစိုင်းဝင်းအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် Century Beverage Co.,LTD မှ Area Marketing Manager ဦးထွန်းထွန်းဦး၊ […]