Category: <span>Futsal</span>

The MFF » Futsal

အင်ဒိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ မြန်မာ ဖူဆယ်အသင်း တက်ရောက်နိုင်ခဲ့ပြီ

January 24, 2017 / By Admin

AFF AIS Futsal Championship 2016 Group B Indonesia 3-6 Myanmar  အာဆီယံ ဖူဆယ်ချန်ပီယံရှစ် အုပ်စု(ခ) ဒုတိယနေ့ ပွဲစဉ်တွင် မြန်မာ ဖူဆယ်အသင်းက ကျစ်လစ်သော ကစားပုံဖြင့် အပိုင်အခွင့်အရေးများ အရယူကာ ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို (၃-၆) ဂိုးအနိုင် ကစားပြီး (၈) နှစ်ကြာ ဝေးကွာနေခဲ့သော အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ပွဲစသည်နှင့် မြန်မာအသင်းက လျင်လျင်မြန်မြန် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲစပြီး တစ်မိနစ်မပြည့်ခင်မှာပင် ပြည့်ဖြိုးမောင်က အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ အဖွင့်ဂိုးရပြီး မြန်မာအသင်းကပင် ဆက်တိုက် ဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် သုံးမိနစ်တွင် ငြိမ်းမင်းစိုးက ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် ချေပဂိုးများကို Syahidansyah Lubis က ပွဲချိန် ၄ […]

၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရရှိ

January 24, 2017 / By Admin

အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင် ကျင်းပရာ မြန်မာအသင်းက လာအိုအသင်းကို ခြောက်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၁၃ မိနစ်တွင် ကျော်ဇင်လင်း ကလည်းကောင်း၊ ၂၂ မိနစ်တွင် အောင်ဇင်ဦး ကလည်းကောင်း၊ ၂၇ မိနစ်နှင့် မိနစ် ၄၀ တွင် ငြိမ်းမင်းဦးမှ လည်းကောင်း၊ ၃၂ မိနစ်နှင့် ၃၉ မိနစ်တို့တွင် ကောင်းချစ်သူမှ လည်းကောင်း သွင်းယူပေးခဲ့သည်။ ပထမနေ့ပွဲစဉ်များ အပြီးတွင် မြန်မာအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စု (ခ) တွင် ပထမနေရာမှ ဦးဆောင်ထားနိုင်ခဲ့သည်။ RESULTS – 23 Jan 2017 Malaysia 6-5 […]

လာအိုကလပ်ကို ဂိုးပြတ် အနိုင်ယူခဲ့သည့် လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်း

July 12, 2016 / By Admin

  ဇူလိုင် ၁၂ ရက်က ကစားခဲ့သည့် AFF Myanmar Futsal Club Championship အမျိုးသားပွဲစဉ် ပထမပွဲတွင် ထိုင်းကလပ် ထိုင်းပေါ့စ် အသင်းက လာအို ကလပ် လျန်ဆန်အသင်းကို ၉-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်း) အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်းသည် နှစ်ပွဲ ကစားပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရရှိ ထားပြီး ရမှတ် ခြောက် မှတ် ဖြင့် အမှတ်ပေးဇယား အဆင့် ၁ တွင် ရပ်တည်နေသည်။ ထို့ပြင် ထိုင်းပေါ့စ်အသင်းသည် နှစ်ပွဲကစားအပြီး ရဂိုး ၁၃ ဂိုးရရှိထားအပြင် ပေးဂိုးမရှိ စံချိန် ရရှိထားသည်။ ထိုင်းပေါ့စ်အသင်းအား ရှုံးနိမ့်ခဲ့သည့် လာအိုကလပ် လျန်ဆန်အသင်းသည် သုံးပွဲကစား […]

PU အသင်း၏ အရှုံးကြောင့် ပွဲစဉ်မကုန်ခင် MIC အသင်း ချန်ပီယံ ဖြစ်လာခဲ့

May 11, 2016 / By Admin

MFF Spy Futsal League 2016 ဘောလုံးပြိုင်ပွဲ (week 13) တွင် PU အသင်းသည် VUC အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် လက်ရှိချန်ပီယံ MIC အသင်းမှာ လက်ကျန်တစ်ပွဲ အလို၌ပင် ချန်ပီယံ ဖြစ်လာခဲ့သည်။ ပွဲစဉ် ၁၃ တွင် VUC အသင်းက PU အသင်းကို ၃-၂ ဂိုး၊ YZ အသင်းက UPT အသင်းကို ၆-၃၊ MIC အသင်းက Yangon City အသင်းကို ၉-၂ ဂိုး၊ U 19 အသင်းက Winner အသင်းကို ၇-၀ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ပွဲစဉ် ၁၃ ပွဲစီ ကစားအပြီးတွင် […]

MFF Spy Futsal League 2016 ဒုတိယအကျော့ပြိုင်ပွဲ ဧပြီ ၂၃ ရက် စတင်မည်

April 22, 2016 / By Admin

MFF Spy Futsal League 2016 ဒုတိယအကျော ဘောလုံးပွဲစဉ်များကို လာမည့် ဧပြီ ၂၃ ရက်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ ၌ ပြန်လည်စတင်မည်ဖြစ်သည်။ အသင်းရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်နေသည့် MFF Spy Futsal League ပြိုင်ပွဲ ပထမအကျော့ပွဲစဉ် များမှာ ပြီးခဲ့သည့် ဧပြီ ၆ ရက်က ပြီးဆုံးခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၂၃ ရက်တွင် ပြန်လည် စတင်ခြင်းဖြစ်သည်။ ဖူဆယ်လိဂ် ပထမအကျော့အပြီးတွင် လက်ရှိ ချန်ပီယံ MIC ဖူဆယ်အသင်းက ခုနစ်ပွဲကစား ခုနစ်ပွဲ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာ၌ ဦးဆောင်ထားသည်။ အမှတ်ပေးဇယား […]

MIC အသင်းနှင့် VUC အသင်းတို့ အမှတ်ပေးဇယား ပထမနေရာလုမည်

March 29, 2016 / By Admin

MFF Spy Futsal League 2016 ဘောလုံးပြိုင်ပွဲ (week 5) ပွဲစဉ်များကို လာမည့် မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၊ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကစားမည်ဖြစ်ပြီး အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် MIC အသင်းနှင့် VUC အသင်းတို့ အမှတ်ပေးဇယား ပထမ နေရာလုမည်ဖြစ်သည်။ MFF Spy Futsal League 2016 (week 5) ပွဲစဉ်များကို မတ် ၃၀ ၊ နံနက် ၉:၀၀ မှ စတင်ကစား မည်ဖြစ်ပြီး U 19 အသင်းနှင့် Yangon City အသင်း၊ YZ အသင်းနှင့် Winner အသင်း၊ […]

MFF Spy Futsal League 2016 ပွဲစဉ် ၃ အပြီးတွင် VUC နှင့် MIC အသင်းများ အမှတ်ပေးဇယားကို ဦးဆောင်

March 22, 2016 / By Admin

ကျင်းပလျှက် ရှိသည့် MFF Spy Futsal League 2016 ပြိုင်ပွဲ၏ ပွဲစဉ် ၃ ကို ယနေ့တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ PU၊ MIC၊ VUC၊ UPT အသင်းများ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့ကြသည်။

MFF Spy Futsal League 2016 ပြိုင်ပွဲ (week-2)ပွဲစဉ်များအပြီး ရပ်တည်မှု

March 15, 2016 / By Admin

မတ် ၁၂ ရက်က စတင်ခဲ့သည့် MFF Spy Futsal League 2016 ပြိုင်ပွဲ ပွဲစဉ် နှစ်ပွဲစီ ကစားပြီးချိန်တွင် VUC ၊ MIC အသင်းများမှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားကြသည်။ မတ် ၁၄ ရက်က ကစားခဲ့သည့် MFF Spy Futsal League 2016 (week 2) ပွဲစဉ်များတွင် Yangon City အသင်းက Winner အသင်းကို ၇-၄ ဂိုး၊ MIC အသင်းက YZ အသင်းကို ၇-၃ ဂိုး၊ VUC အသင်း က UPT အသင်းကို ၉-၃ ၊ PU အသင်းက U […]

MFF Spy Futsal League 2016 ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

March 12, 2016 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပ၍ SPY မှ ပံ့ပိုးကူညီသည့် MFF Spy Futsal League 2016 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁၂ ရက် နံနက် ၈း၃၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသား အားကစားရုံ-၁ သုဝဏ္ဏတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲတွင် ဥက္ကဌ ဦးဇော်ဇော်က အမှာစကား ပြောကြားရာ၌ စည်းကမ်းနှင့် အညီ ကြိုးစား ကစားကြရန် အထူး အလေးပေး မှာကြားခဲ့သည်။ ” ကစားသမားတွေသာမက၊ အသင်းအုပ်ချုပ်သူတွေပါ စိတ်ကို ထိန်းချုပ်ပြီး […]

MFF Futsal League 2016 ပြိုင်ပွဲကို မတ် ၁၂ တွင် စတင်ကျင်းပမည်

March 10, 2016 / By Admin

လာမည့် မတ် ၁၂ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ-၁ တွင် ကျင်းပပြုလုပ်သွားမည့် MFF Futsal League 2016 ပွဲစဉ်များ မဲနှိုက်ရေးဆွဲခြင်း အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။