Category: <span>Futsal</span>

The MFF » Futsal

တရုတ်ဘောလုံး အဖွဲ့ချုပ် ဖိတ်ခေါ် ဖူဆယ် ပြိုင်ပွဲ ပွဲဦးထွက်တွင် မြန်မာအသင်း အီရန်နှင့် တွေ့ဆုံ

December 9, 2015 / By Admin

တရုတ်ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အဖွင့်ပွဲစဉ်၌ အီရန် လက်ရွေးစင် ဖူဆယ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။

အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ၂၀၁၅ မြန်မာကလပ် MIC FC တတိယ နေရာရရှိ

November 30, 2015 / By Admin

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရီနာကွင်းတွင် နိုဝင်ဘာ ၂၃ မှ ၂၉ အထိကျင်းပသည့် အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ၂၀၁၅ ပြိုင်ပွဲတွင် ထိုင်းဖူဆယ် ကလပ် ထိုင်းဆိပ်ကမ်း (Thaiport FC) အသင်းသည် မလေးရှားကလပ် Felda United FC အသင်းကို ယနေ့ကျင်းပသည့် ဗိုလ်လုပွဲတွင် (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးသွားခဲ့သည်။ ပြိုင်ပွဲအား အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲနှစ်ရပ် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်၊ သြစတြေးလျ နိုင်ငံများမှ ကလပ်အသင်း များဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ အမျိုးသား အဆင့်ပြိုင်ပွဲတွင် မြန်မာကလပ် MIC FC အသင်းသည် Felda FC (မလေးရှား)၊ ထိုင်းဆိပ်ကမ်း […]

AYA Bank အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ MIC ဗိုလ်စွဲ

September 1, 2015 / By Admin

AYA Bank အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ (AYA Bank Futsal Open Cup 2015) ဗိုလ်လုပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့၊ ညနေ (၃) နာရီတွင် ရန်ကုန်မြို့၊ အမျိုးသားမိုးလုံလေလုံအားကစားရုံ-၁ (NIS-1) တွင် ကျင်းပခဲ့ရာ MIC အသင်းက ခေတ္တရာအသင်းကို (၁၀) ဂိုး၊ (၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ချန်ပီယံဆုဖလားကြီးအားဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲမတိုင်ခင် Winner အသင်းနှင့် VUC အသင်းတို့၏ တတိယနေရာလုပွဲအား မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့ရာ သာမန်ပွဲချိန်အပြီး အချိန်ပိုပြီးဆုံးချိန်အထိ (၂-၂) သရေကျနေခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ Winner အသင်းကVUC အသင်းကို (၅-၃) ရလဒ်ဖြင့် အနိုင်ယူပြီးတတိယနေရာ ရရှိခဲ့သည်။ […]

AYA Bank MFF Futsal Open Cup ဗိုလ်လုပွဲ MIC နှင့် ခေတ္တရာ ထိပ်တိုက်တွေ့ဆုံ

August 31, 2015 / By Admin

AYA Bank MFF အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ဗိုလ်လုပွဲအား မနက်ဖြန် စက်တင်ဘာလ (၁) ရက်နေ့၊ ညနေ (၃) နာရီတွင်အမျိုးသားမိုးလုံလေလုံ အားကစားရုံ (၁) NIS-1၊ သုဝဏ္ဏ၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ဗိုလ်လုပွဲတွင် နာမည်ကြီး MIC အသင်းနှင့် ပွဲစဉ်တစ်လျှောက်ကောင်းမွန်သည့် စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့သည့် ခေတ္တရာ အသင်းတို့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။ အဆိုပါ ဖူဆယ်လ်ပြိုင်ပွဲ တတိယနေရာလုပွဲအား ဗိုလ်လုပွဲစဉ်မတိုင်ခင် မွန်းလွဲ (၁) နာရီတွင် အဆိုပါ အားကစားရုံတွင်ပင် ကျင်းပ မည်ဖြစ်သည်။ ယင်းအလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဗိုလ်လုပွဲအပြီးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ပထမရရှိ သည့် ဖူဆယ်လ်ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်းရွှေတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၃၀) ကိုလည်း ကောင်း၊ […]

2014 MFF MTC Futsal လိဂ် ဖွင့်ပွဲ အခမ်းအနား NIS-2 တွင် ကျင်းပ

August 10, 2015 / By Admin

Mother Trading and Construction Co.,LTD မှ Title Sponsor အဖြစ် ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ ကြီးမှူးကျင်းပသည့် 2014 MFF MTC ဖူဆယ်လ် လိဂ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက်(၇း၃၀) နာရီတွင် လှိုင်မြို့နယ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၂) (NIS-2) ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF ညွှန်ကြားရေးမှူး (စီမံ) ဦးစိုးမိုးကျော် နှင့် MFF ဌာန အသီးသီးမှ သက်ဆိုင်ရာ ဒါရိုက်တာများ တက်ရောက်ခဲ့ကြသည်။ […]