Category: <span>Futsal</span>

The MFF » Futsal

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲကျင်းပ

May 20, 2023 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၀ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဆင်း အမှတ်တရ စကားများ ပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား […]

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲကျင်းပ

May 15, 2023 / By Admin

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဖွင့် အမှတ်တရ စကားများ ပြောကြားခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ AFC Futsal Coaching Certificate Course – Level 1 […]

AFC Futsal Coaching Certificate Course- Level 1 သင်တန်းဖွင့်လှစ်မည်

April 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Coaching Certificate Course- Level 1 ကို ရန်ကုန်မြိုတွင် မေ ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မေ ၅ရက် ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်း(၁၀) တန်းဖြစ်ရမည်။ (မြန်မာ့လက်ရွေးစင် အဖြစ်ကစားခဲ့ဖူပါက လျော့ပေါ့စဉ်းစားမည် ဖြစ်သည်။) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။ ဖူဆယ်ကစားနည်းကို ကောင်မွန်စွာ ကစားနိုင်သူဖြစ်ပြီး နည်းပြခြင်းကို စိတ်ပါဝင်စားစွာ လုပ်ဆောင်လိုသူ ဖြစ်ရမည်။ […]

AFC Futsal Fitness Level 1 သင်တန်း ဖွင့်လှစ်မည်

March 14, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Fitness Level 1 Coaching Certificate Course ကို ဧပြီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မတ် ၂၁ ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် AFC Futsal – Level အောင်မြင်ပြီး အနည်းဆုံး သက်တမ်း (၁)နှစ်ရှိရမည်။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။ ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင် လက်တွေ့လေ့ကျင့်မှု သင်ခန်းစာများကို လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။ သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။ […]

MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ

February 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MFF Futsal Referee Workshop For 2023 ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဖူဆယ်ဒိုင်လူကြီး တစ်ဦးက […]

MFF Rhino Futsal League 2022 ပြိုင်ပွဲ အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

February 24, 2023 / By Admin

MFF Rhino Futsal League 2022 ပြိုင်ပွဲအတွက် ပွဲကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် MFF Rhino Futsal League 2022 ပြိုင်ပွဲ၏ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသစ်ပြင်ဆင်ထားသော ဖူဆယ် ဥပဒေများကို ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ဝတ်ဆင်မည့် ဂျာစီ အရောင်များကို အတည်ပြုခဲ့ကြသည်။ MFF Rhino Futsal League 2022 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။ MFF […]

MFF Futsal Referee Workshop For 2023 ကျင်းပ

February 23, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee WorkshopFor 2023 ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခမ်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းနှင့် ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဦးနိုင်သောင်းထိုက်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ MFF Futsal Referee Workshop For 2023 တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပြောင်းလဲလိုက်သော ဖူဆယ် ဥပဒေများနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။ဖူဆယ်ဒိုင်လူကြီး ၂၅ ဦးပါဝင်သော […]

MFF Futsal League 1 & 2 (2022) မဲခွဲပွဲပြုလုပ်

February 7, 2023 / By Admin

MFF Futsal League 1 & 2 (2022) ပြိုင်ပွဲများ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် ပွဲစဉ်များ မဲခွဲပွဲအခမ်အနားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ MFF Futsal League 1 & 2 ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပွဲစဉ်များ မဲခွဲပွဲကို ဆက်လက်ကျင်းပခဲ့သည်။ MFF Futsal League 1 (2022) […]

AFC Futsal Coaching Certificate Course – Level 1 သင်တန်း တောင်ကြီးတွင်ဖွင့်လှစ်

January 23, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းသို့ သင်တန်းသား (၁၈)ဦးနှင့် သင်တန်းသူ (၂)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းသင်တန်း၏ သင်တန်းမှူးအဖြစ် ဦးတင်မောင်ဌေးမှ တာဝန်ယူမည်ဖြစ်ပြီး လက်ထောက်သင်တန်းမှူးအဖြစ် ဦးကျော်ဇင်ညွန့်မှ တာဝန်ယူသွားမည် ဖြစ်သည်။ ယခုတစ်ကြိမ်ဖွင့်လှစ်သော AFC Futsal Coaching Certificate Course – Level 1 သင်တန်းသည် တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော (၁၁)ကြိမ်မြောက် […]

MFF Futsal League 1 & 2 ပြိုင်ပွဲများကျင်းပရန် အစည်းအဝေးကျင်းပ

January 23, 2023 / By Admin

MFF Futsal League 1 & 2 (2022)ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ် League 1 နှင့် League 2 များမှ ကလပ်အသင်းများ၏ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ ကျင်းပမည့် MFFFutsal League 1 & 2 (2022) ပြိုင်ပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့်ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးပုံစံများ၊ […]