Category: <span>MFF</span>

The MFF » MFF

အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

September 14, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယ အကျော့အတွက် မှတ်ပုံတင် အသစ်တင်ရှိထားသည့် ပြိုင်ပွဲဝင် အသင်းများမှ ထပ်တိုး ကစားသမားများအား အသက်စစ်ဆေးခြင်းကို စက်တင်ဘာ ၁၄ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပါသည်။ ကစားသမားများအား အသက်စစ်ဆေးခြင်းကို ဦးဝင်းသူမိုး (ပြိုင်ပွဲ တာဝန်ခံ၊ အောက်မြန်မာပြည်)၊ ဦးမိုးသွင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ခံ)၊ ဒေါက်တာ ကျော်သန့်ဇင်(မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာ တွဲဘက်တာဝန်ခံ)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အသက်စိစစ်ရေးအဖွဲ့နှင့် ပြိင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ […]

နီပေါအသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်

September 6, 2023 / By Admin

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်မိုက်ကယ် (Michael Feichtenbeiner) သည် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ဖီဖာနိုင်ငံတကာခြေစမ်းပွဲ အတွက် ကစားသမား ၂၇ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ FIFA International “A” Friendly Matches ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၈နှင့် ၁၁ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နှစ်ပွဲစလုံးအတွက် အထူးတန်းနှင့် ရိုးရိုးတန်း လက်မှတ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး ဂိတ်-၂ တွင် စက်တင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၁၁ ရက်နေ့များတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ယင်းခြေစမ်းပွဲစဉ် (၂)ပွဲကို Sky Net Sports နှင့် Channel 9 […]

MFF “D” CERTIFICATE COACHING COURSE သင်တန်းဖွင့်ပွဲကျင်းပ

August 21, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော် ၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် အမှာစကားပြောကြားခြင်း၊ […]

MFF NEWLY FUTSAL REFEREE COURSE 1/2023 သင်တန်းဆင်းပွဲကျင်းပ

August 13, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Futsal Referee Course 1/2023သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၃ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဉီးလှမင်း၊ သင်တန်းနည်းပြများ ဖြစ်ကြသည့် ဉီးကျော်စိုးနှင့် ဉီးစိုးမင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြံပေး ဦးဘန်နီတင်အောင်၊ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က သင်တန်းဆင်း အမှတ်တရအမှာစကားများ ပြောကြားခဲ့ကြသည်။ FIFA MA Futsal Referring […]

MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

August 13, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊နည်းစနစ်ဒါရိုက်တာ ဉီးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအမှတ်တရ အမှာစကားကို အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊နည်းစနစ်ဒါရိုက်တာ ဉီးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို တို့က ပြောကြားခဲ့ပြီးသင်တန်းသားများကိုယ်စား ဉီးကျော်သူလတ်မှ ကျေးဇူးတင်စကားကိုပြန်လည်ပြောကြားခဲ့သည်။ သင်တန်းကို သြဂုတ် ၁၀မှ ၁၃ရက်အထိ ၄ရက်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့် ကလပ်အသင်းများမှ သင်တန်းသား ၂၅ဉီး၊ သင်တန်းသူ ၅ဦး […]

MFF “D” Certificate Coaching Course သင်တန်းဖွင့်ပွဲကျင်းပ

August 10, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ယင်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးဘုန်းညွန့်ကိုက မိတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး သင်တန်းသားများနှင့် တစ်ဦးခြင်း မိတ်ဆက်ခြင်း၊ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ သင်တန်းကို […]

MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနား ကျင်းပ

August 9, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ( MFF) ၊ Coach Education ဌာနမှ ကျင်းပပြုလုပ်သော MFF Coach Educator`s Workshop 2023 ပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ MFF Coach Educator`s Workshop 2023 သို့ တက်ရောက် ဆွေးနွေးခဲ့သော MFF မှ ဦးတင်မြင့်အောင်၊ ဦးညီညီလတ် ၊ ဦးဘုန်းညွန့်ကို ၊ ဦးရဲဝင့်သူ ၊ ဦးချစ်နိုင် (ISPE) ၊ ဦးတင့်ငြိမ်း (ပြင်ပ)၊ […]

MFF Newly Futsal Referee Course 1/2023 သင်တန်းဖွင့်ပွဲကျင်းပ

August 7, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Futsal Referee Course 1/2023သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် ၇ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဉီးလှမင်း၊ သင်တန်းနည်းပြများ ဖြစ်ကြသည့် ဉီးကျော်စိုးနှင့် ဉီးစိုးမင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြံပေး ဦးဘန်နီတင်အောင်၊ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ FIFA MA Futsal […]

ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်

July 20, 2023 / By Admin

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပဏာမစာရင်းတွင် ပြင်ပမှ […]

FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်

May 10, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဖွင့်ပွဲကို မေ ၁၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob တို့ကသင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့သည်။ […]