Category: <span>C-License</span>

The MFF » C-License

MFF Goalkeeping “C” Certificate Coaching Course သင်တန်းဆင်းပွဲကျင်းပ

December 6, 2023 / By Admin

MFF Goalkeeping “C” Certificate Coaching Course, Yangon သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းဆရာများဖြစ်သည့် ဦးကိုကိုအောင်၊ ဦးစိန်အေး၊ ဦးယဉ်မင်းအောင်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ် ချီးမြှင့်ခြင်း၊ သင်တန်းဆရာ […]

AFC / MFF “C” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 5, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်း အမှာ စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် […]

AFC / MFF “C” Diploma COACHING COURSE သင်တန်းဖွင့်ပွဲ ကျင်းပ

August 28, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် […]

AFC ‘C’ Coaching Certificate Course opens in Shan State

August 9, 2016 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် အာရှဘောလုံး အဖွဲ့ချုပ် AFC ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ AFC (C) လိုင်စင်နည်းပြသင်တန်း AFC “C” Certificate Course 2016 ဘောလုံးနည်းပြသင်တန်းအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအား လွိုင်လင်၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ သီပေါ၊ လင်းခေး၊ ဆီဆိုင်၊ မောက်မယ်၊ ပင်လုံ၊ မိုင်းရှူး၊ ရပ်စောက်၊ ဟိုပုံး၊ တာချီလိတ်၊ မူဆယ်၊ နမ့်ဆန်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ ဟိုပန်၊ ရွှေညောင်၊အောင်ပန်း မြို့နယ်များနှင့် ရပခ မှသင်တန်းသား စုစုပေါင်း (၂၄)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းဆရာအဖြစ် AFC […]