U15 LEAGUE အထက်မြန်မာပြည်ဇုန် COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အထက်မြန်မာပြည်(မန္တလေးဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး)တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး) ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်၊ ဦးအောင်အောင်မျိုး( ပြိုင်ပွဲ ယာယီ တာ ဝန်ခံ၊ အထက်မြန်မာပြည်)၊ သင်တန်းဆရာ ဦးညီညီလတ်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် […]