မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိ

The MFF » latest news » မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိ

March 18, 2016 / By Admin

AFF Women’s Championship 2016 ( အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆)ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လာမည့် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၄င်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် သြစတြေးလျ၊ မလေးရှား၊ (တောင်ကိုရီးယား၊တရုတ်တိုင်ပေ၊ဂျပန်) ၄င်းသုံးသင်းမှ တစ်သင်း၊ စုစုပေါင်း (၄)သင်းဖြင့် အုပ်စု(ခ)မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသမီးလက်ရွေးစင် အသင်းအနေဖြင့်လည်း အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင်မှုများကို အပတ် စဉ် ပြုလုပ်လျက် ရှိသည်။ မတ်လ ၁၈ ရက်နေ့တွင် ယူ-၁၄ အမျိုးသားလက်ရွေးစင် အသင်းနှင့်လည်း ဒုတိယကြိမ် ခြေစမ်းပွဲ ကစားခဲ့ ပြီးဖြစ်သည်။ ထို့အပြင် လေ့ကျင့်မှုပိုမို ထိရောက်စေရန်အတွက် လာမည့် မေလဆန်းပိုင်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ကွင်းဆင်းလေ့ကျင့်မှုများအပြင် ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားရန် စီစဉ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ၄င်းခြေစမ်းပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *