National Football Academy ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက် ဖွင့်လှစ်

The MFF » Grassroots » National Football Academy ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက် ဖွင့်လှစ်

February 20, 2017 / By Admin

မန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် အမျိုးသား ဘောလုံး အကယ် ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့  ညနေ ၅ နာရီအချိန်တွင် စတင်ဖွင့်လှစ် ခဲ့ပြီဖြစ်သည်။ ယင်းဖွင့်ပွဲသို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက် ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး အင်ဖန်တီနိုနှင့် အတူ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးဇော်ဇော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနား အပြီးတွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက အမျိုးသား ဘောလုံးအကယ်ဒမီ
(ရန်ကုန်)အဆောက်အဦ အတွင်းသို့ လိုက်လံပြသခဲ့သည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနား အပြီးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့သည် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်းနှင့် ရန်ကင်း ကလေးဆေးရုံတို့ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

JI7A1637

Leave a Reply

Your email address will not be published. Required fields are marked *