April 27, 2017 / By Admin
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF သည် ၂၀၁၇ အာဆီယံ ယူ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသား နည်းပြ ရာဘက်ရှ် ဘန်လာဘီကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။
ဘန်လာဘီသည် လက်ရှိအချိန်တွင် မြန်မာယူ၁၅ အသင်းနည်းပြချုပ်အနေဖြင့် တာဝန်ယူလျက်ရှိရာ အဆိုပါ မြန်မာ ယူ(၁၅)အသင်း၏ နည်းပြချုပ် အဖြစ် ယခင် မြန်မာ ယူ၁၈ အသင်းနည်းပြချုပ် ဦးညီညီလတ် အားပြောင်းလဲ တာဝန်ပေးသွားမည် ဖြစ်သည်။
ဘန်လာဘီသည် UEFA (A) လိုင်စင်နှင့် UEFA Youth Elite (A) လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး ကစားသမား ဘ၀က ပြင်သစ်ကလပ် PSG , Lens စသည့် အသင်းများတွင် ကစားခဲ့သူ တစ်ဦးဖြစ်သည်။ နည်းပြဘ၀ကို ၁၉၉၈ခုနှစ် က ဝင်ရောက်ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဂျပန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ J-Village Fukushima တွင် လူငယ်စီမံကိန်း နည်းပြ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ အထိ UAE လက်ရွေးစင်အသင်း နည်းပြ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ Shenzhen FC လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နည်းပြဖြစ်သည်။ ထို့အပြင် အီရန်၊ တရုတ်၊ ဂျပန် သက်တမ်းအလိုက် လူငယ်အသင်းများနှင့် အမျိုးသမီးအသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည်။
ဘန်လာဘီ တာဝန်ယူမည့် မြန်မာ ယူ(၁၈)အသင်း ပြိုင်ပွဲများ
AFF U-18 Championship 2017
အုပ်စု(ခ) အသင်းများ > ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နယူးဇီလန်
ကျင်းပမည့် ရက်စွဲ > 4 – 17 SEPTEMBER 2017 (အိမ်ရှင် – မြန်မာ)
AFC U-18 Championship 2018 Qualifier Group (G)
ပြိုင်ပွဲဝင် အသင်းများ > တရုတ် ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား
ကျင်းပမည့် ရက်စွဲ > 4 – 8 November 2017 (အိမ်ရှင် – ကမ္ဘောဒီးယား)
==================================================
ဦးညီညီလတ် တာဝန်ယူမည့် မြန်မာ ယူ(၁၅)အသင်း ပြိုင်ပွဲ
AFF U15 Championship 2017
အုပ်စု(က) အသင်းများ > သြစတြေးလျ၊ မြန်မာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ စင်ကာပူ
ကျင်းပမည့် ရက်စွဲ > 9 – 22 July 2017 (အိမ်ရှင် – ထိုင်း)