May 30, 2018 / By Admin
AFC Grassroots Football Day 2018 အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၇း၃၀ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြက်ခင်းတု လေ့ကျင့်ရေးကွင်း (၁)တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမင်းလှိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ MPT မှ Managing Director Mr. Yoshiaki Beninoနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဧရာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးမင်းလှိုင်၊ MPT မှ Managing Director Mr. Yoshiaki Beninoနှင့် အခြားတာဝန်ရှိသူများက ကွင်းအတွင်း ဘောလုံးများကန်သွင်းကာ AFC Grassroots Football Day 2018 အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နည်းပြဆရာများက အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများကို အခြေခံ ဘောလုံး ပညာများကို သင်ကြားပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။