ရုရှားနိုင်ငံသွားရောက်မည့် မြန်မာလူငယ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံအားပေးစကားဆို

The MFF » Academy (YGN) » ရုရှားနိုင်ငံသွားရောက်မည့် မြန်မာလူငယ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံအားပေးစကားဆို

May 30, 2018 / By Admin

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော်၊ လူငယ်ဖိုရမ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်သို့ သွားရောက် ပါဝင်ဆင်နွဲမည့် မြန်မာလူငယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုဗိုတယ် ရန်ကုန်မက်စ် ဟိုတယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တိုင်းပြည်အတွက် အားထားရသည့် မျိုးဆက်သစ်များ ဖြစ်လာစေရန်၊ နိုင်ငံတကာ ပွဲအတွေ့အကြုံများ ရရှိပြီး ကောင်းမွန်စွာ အသုံးချတတ်စေရန် လမ်းညွှန်မှာကြားခဲ့သည်။

33944316_1103607323111412_353974419804127232_o

” အခုအရွယ် ကတည်းက အနေအထိုင် အစားအသောက် စနစ်တကျနဲ့ အဆင့်အတန်းရှိရှိ ဖြစ်စေချင်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အလိုက်မှာ အောင်မြင်မှု ရရှိဖို့က အခုအရွယ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင် သွားရမှာပါ။ ကမ္ဘာ့ဖလား ဖွင့်ပွဲလည်း တက်ရောက် အားပေးရမှာဖြစ်သလို နိုင်ငံတကာက လူငယ်တွေနဲ့ ထျိေတွ့ဆက်ဆံရမှာဖြစ်တဲ့ အတွက် အခွင့်အရေးကောင်း တစ်ရပ်ဆိုလည်း မမှားပါဘူး။ အခြား ပြိုင်ပွဲဝင် ဘောလုံး အင်အားကြီးနိုင်ငံတွေက ကစားသမားတွေနဲ့ တွဲဖက်ကစားရမှာဆိုတော့ သူတို့ဆီက ကောင်းတဲ့ အတုကိုယူပြီး မိမိ ဘ၀အတွက်၊ မိမိတိုင်းပြည်နဲ့လက်ရွေးစင် အသင်းအတွက် ပြန်လည်အသုံးချနိုင်ပါစေ။ မိမိကျန်းမာရေး၊ နေထိုင်သွားလာမှုကအစ စည်းကမ်းရှိရှိနဲ့ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ရင်း နိုင်ငံဂုဏ်သိက္ခာကိုမြှင့်တင်ပါ” ဟု Football For Friendship Program သွားရောက်မည့် လူငယ်များအား မှာကြားခဲ့သည်။

33980205_1103607539778057_5159537065859219456_n

အဆိုပါ Football For Friendship Program သို့မြန်မာ ဘောလုံး အကယ်ဒမီမှ ထူးချွန်ကျောင်းသား မောင်မင်းခန့်သူ (Young Footballer) နှင့် မောင်သန့်တေဇာ (Young Journalist) တို့ လာမည့်ဇွန်လ ၈ ရက်နေ့မနက်မှ စတင်ကာ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက် ပါဝင်ဆင်နွဲကြမည်ဖြစ်သည်။

လူယ်ဘောလုံးပွဲတော် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှ တစ်သင်းလျင် ကစားသမား ၆ ဦးစီဖြင့် ဖွဲ့စည်းထားသည့် အသင်းများဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာကစားသမား မင်းခန့် သူသည် နောက်တန်းကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုဟာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူးစသည့် နိုင်ငံများမှ ကစားသမားများနှင့်အတူ Gharial အသင်းတွင် ပါဝင်ကစားရမည်ဖြစ်သည်။