July 9, 2018 / By Admin
လူငယ္ မ်ိဳးဆက္သစ္ ကစားသမားေကာင္းမ်ား ေပၚထြက္ေရး၊ လူငယ္ ကစားသမားမ်ား ႏုိင္ငံတကာၿပိဳင္ပဲြ အေတြ႔အၾကံဳ ရရွိေရးႏွင့္ လူငယ္ မ်ိဳးဆက္သစ္ စဥ္ဆက္မျပတ္ ျပဳစုပ်ိဳးေထာင္ေရး တုိ႔အတြက္ ျမန္မာႏိုင္ငံ ေဘာလံုး အဖဲြ႔ခ်ဳပ္၊ ဂ်ပန္ ေဘာလံုးအဖဲြ႔ခ်ဳပ္ ႏွင့္ထုိင္း ေဘာလံုးအဖဲြ႔ခ်ဳပ္တုိ႔ အတူတကြ ပူးေပါင္းေဆာင္ရြက္သည့္ အေနျဖင့္ အသက္ ၁၄ ႏွစ္ေအာက္ အကယ္ဒမီေဘာလံုး ပဲြေတာ္တစ္ရပ္ကို ရန္ကုန္ၿမိဳ႕ ျမန္မာ အမ်ိဳးသား ေဘာလံုး အကယ္ဒမီတြင္ လာမည့္ ၾသဂုတ္လ ၅ ရက္ေန႔မွ ၉ ရက္ေန႔အထိ ေန႔စဥ္က်င္းပသြားမည္ ျဖစ္သည္။
အဆုိပါ ေဘာလံုးပဲြေတာ္တြင္ မႏၱေလး အကယ္ဒီ ယူ၁၄ ႏွင့္ ပုသိမ္အကယ္ဒမီ ယူ၁၄ ၊ ဂ်ပန္ ဖူကူရွီးမား အကယ္ဒမီ ယူ၁၄ အသင္းႏွင့္ ထုိင္း ယူ၁၄ လက္ေရြးစင္ အသင္းတို႔ ေလးသင္းပတ္လည္ ယွဥ္ၿပိဳင္ ကစားၾကမည္ျဖစ္သည္။ ေလးသင္း ပတ္လည္ ပဲြစဥ္မ်ားကို ၾသဂုတ္လ (၆) ရက္ေန႔မွ (၈) ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ကာ ၾသဂုတ္လ (၉)ရက္ေန႔တြင္ ဗိုလ္လုပဲြႏွင့္ တတိယေနရာ လုပဲြမ်ား က်င္းပသြားမည္ျဖစ္သည္။
MFF အေနျဖင့္ ၂၀၁၈ ယူ၁၄ အကယ္ဒမီ ေဘာလံုးပဲြေတာ္ မစတင္မီ အမ်ိဳးသား ေဘာလံုးအကယ္ဒမီ (ရန္ကုန္)၊ ျမန္မာ ေဘာလံုးအကယ္ဒမီ (မႏၱေလး)၊ ပုသိမ္ ေဘာလံုး အကယ္ဒမီ ႏွင့္ တပ္မေတာ္ ေဘာလံုးအကယ္ဒမီ (ေနျပည္ေတာ္) တုိ႔မွ ယူ ၁၃၊ ယူ၁၄၊ ယူ၁၆ အရြယ္အသင္းေပါင္း ၁၅ သင္းပါ၀င္သည့္ ျမန္မာေဘာလံုး အကယ္ဒမီမ်ား ခ်စ္ၾကည္ေရး ျပိဳင္ပဲြကိုလည္း ယခုလ ၇ ရက္ေန႔မွ ၾသဂုတ္လ ၂၅ ရက္ေန႔အထိ ရန္ကုန္၊ မႏၱေလး၊ ပုသိမ္၊ ေနျပည္ေတာ္ တုိ႔တြင္ အိမ္ကြင္း၊ အေ၀းကြင္း ပံုစံျဖင့္ က်င္းပလ်က္ရွိသည္။ ျမန္မာ ေဘာလံုးအကယ္ဒမီမ်ား ခ်စ္ၾကည္ေရး ျပိဳင္ပဲြကုိ ယခင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလက Inter Academy Friendly Matches အျဖစ္ ပထမဆံုးအၾကိမ္ စတင္က်င္းပခဲ့ျခင္း ျဖစ္ၿပီး ယခုႏွစ္သည္ ဒုတိယ အၾကိမ္ က်င္းပျခင္း ျဖစ္သည္။
N16(A)- Nay Pyi Taw U16 (A) / N16(B) Nay Pyi Taw U16 (B)
N14(A)- Nay Pyi Taw U14 (A)
M14 (A) – Mandalay Academy U14(A) / M14 (B) – Mandalay Academy U14 (B)
M13 (A) – Mandalay Academy U13(A) / M13 (B) – Mandalay Academy U13 (B)
M12 (A) – Mandalay Academy U12(A) / M12 (B) – Mandalay Academy U12 (B)
Y13 (A) – Yangon Academy U13 (A) / Y13 (B) – Yangon Academy U13 (B)
P 15 (A) -Pathein Academy U15 (A) / P15 (B) – Pathein Academy U15 (B)
P 12 (A) -Pathein Academy U12 (A) / P12 (B) – Pathein Academy U12 (B)
လူငယ် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်ရေး၊ လူငယ် ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိရေးနှင့် လူငယ် မျိုးဆက်သစ် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရေး တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ ဂျပန် ဘောလုံးအဖွဲ့ချုပ် နှင့်ထိုင်း ဘောလုံးအဖွဲ့ချုပ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် အသက် ၁၄ နှစ်အောက် အကယ်ဒမီဘောလုံး ပွဲတော်တစ်ရပ်ကို ရန်ကုန်မြို့ မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီတွင် လာမည့် သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲတော်တွင် မြန်မာ ယူ၁၄ အကယ်ဒမီ (A) နှင့် (B) နှစ်သင်း၊ ဂျပန် ဖူကူရှီးမား အကယ်ဒမီ ယူ၁၄ အသင်းနှင့် ထိုင်း ယူ၁၄ လက်ရွေးစင် အသင်းတို့ လေးသင်းပတ်လည် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ လေးသင်း ပတ်လည် ပွဲစဉ်များကို သြဂုတ်လ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ သြဂုတ်လ (၉)ရက်နေ့တွင် ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများ ကျင်းပသွားမည်ဖြစ်သည်။
MFF အနေဖြင့် ၂၀၁၈ ယူ၁၄ အကယ်ဒမီ ဘောလုံးပွဲတော် မစတင်မီ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ ပုသိမ် ဘောလုံး အကယ်ဒမီ နှင့် တပ်မတော် ဘောလုံးအကယ်ဒမီ (နေပြည်တော်) တို့မှ ယူ ၁၃၊ ယူ၁၄၊ ယူ၁၆ အရွယ်အသင်းပေါင်း ၁၁ သင်းပါဝင်သည့် မြန်မာဘောလုံး အကယ်ဒမီများ ချစ်ကြည်ရေး ပြိုင်ပွဲကိုလည်း ယခုလ ၇ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ နေပြည်တော် တို့တွင် အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့် ကျင်းပလျက်ရှိသည်။ မြန်မာ ဘောလုံးအကယ်ဒမီများ ချစ်ကြည်ရေး ပြိုင်ပွဲကို ယခင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက Inter Academy Friendly Matches အဖြစ် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်သည် ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်သည်။