MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲကျင်းပမည်

The MFF » competition » MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲကျင်းပမည်

November 28, 2018 / By Admin

MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက် အထိ မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းများတွင် ကျင်းပမည်ဖြစ်သည်။

ထိုပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အသင်းပေါင်း၁၇ သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အုပ်စုမဲခွဲပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နေ့လည် ၁ နာရီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပ မည် ဖြစ်သည်။

MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲ၏ အုပ်စု ပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်မှ ၈ ရက် အထိ မနက် ၈ နာရီတွင် နှစ်ပွဲ ညနေ၄ နာရီတွင် နှစ်ပွဲ၊ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အထက်ပါ အချိန်များအတိုင်း ကျင်းပ သွားမည်ဖြစ်သည်။ ဆီမီးဖိုနယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။ ဖိုင်နယ် ပွဲစဉ်ကိုမူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အသင်းကို ဆုကြေးငွေ ကျပ် ၁၅သိန်း ၊ ဒုတိယ ဆု ရရှိသည့် အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ပူးတွဲ တတိယ ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ်၅ သိန်းစီနှင့် အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ဆု ရရှိသူများကို ဆုကြေးငွေ ကျပ် ၁ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်သည်။

MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲတွင် အသက်မှန်ကန်ရေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဂရုစိုက် စီစစ်သွားမည် ဖြစ်ပြီး အသက် စစ်ဆေးမှုများကို နိုဝင်ဘာ ၂၈၊ ၂၉ ရက်များတွင် ပြုလုပ်သွားမည် ဖြစ်သည်။