December 14, 2018 / By Admin
MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဗို လ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီက အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်မှ ၈ ရက် အထိလည်းကောင်း၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်းကောင်း ကျင်းပခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ တက်ရောက် လာခဲ့ကြသည်။ ဗိုလ်လုပွဲတွင် မကွေးအသင်းက ဧရာဝတီအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့သည်။
ဗိုလ်လုပွဲ အပြီးတွင် ဆု ပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံး ဆုရရှိခဲ့သူ ရှမ်း (တောင်)အသင်းမှ သက်ပိုင်ဦးကို မကွေးအသင်း စီအီးအို ဦးစိုးမင်းက အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူ ချင်းအသင်းမှ လင်းကီးဂင်ကို မကွေးအသင်း စီ အီးအို ဦးစိုးမင်းကပင် အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သည်။ ထို့နောက် ပူးတွဲ တတိယရရှိသည့် ရှမ်း (တောင်) အသင်းကို ရန်ကုန် အရှေ့ပိုင်းခရိုင် ပညာရေးမှူး ဦးမောင်ကြယ်က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး (နည်းစ နစ်) ဦးတင်မြင့်အောင်က ဆုကြေးငွေကျပ် ၅ သိန်းကို လည်းကောင်း ချီးမြှင့်ခဲ့သည်။ ပူးတွဲ တတိယရရှိသည့် ချင်းပြည်နယ် အသင်းကို အား/ကာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်က တစ်ဦးချင်း ဆုတံဆိပ် များကိုလည်းကောင်း၊ မြန်မာ နေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ဆုကြေးငွေကျပ် ၅ သိ န်းကို လည်းကောင်း ပေးအပ်ခဲ့သည်။ ဒုတိယဆု ရရှိသည့် ဧရာဝတီ အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၀ သိန်းကို ဧရာဝတီတိုင်း ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပေးအပ်ခဲ့သည်။ ဗိုလ်စွဲသွားသည့် မကွေးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၅ သိန်းကို ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပေးအပ်ခဲ့သည်။ ထို့နောက် မကွေးအသင်းအတွက် ချန်ပီယံ ဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ရတနာပုံ အသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။ ချန်ပီယံဖြစ်သွားသည့် မကွေးတိုင်းဒေသကြီး အသင်းကို မြန်မာ နေရှင်နယ်လိဂ်ကလပ် မကွေးအက်ဖ်စီ အမှုဆောင် အ ရာရှိချုပ် ဦးစိုးမင်းက ဆုကြေးငွေကျပ် ၃ သိန်းကို ထပ်ဆောင်း ချီးမြှင့်ပေးခဲ့သည်။