January 16, 2019 / By Admin
ျမန္မာနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဴပ္သည္ ဆီးဂိမ္းစ္ၿပိဳင္ပြဲႏွင့္ AFC U-23 ေျခစစ္ပြဲဝင္ ျမန္မာယူ-၂၃ အသင္းနည္းျပခ်ဴပ္ အျဖစ္ ဘူလ္ေဂးရီးယား နည္းၿပ ဗီလီဇာ ပိုေပါ့အား ယခုအပတ္အတြင္း ခန႔္အပ္တာဝန္ ေပးသြားမည္ျဖစ္သည္။
အသက္ (၄၂)ႏွစ္အရြယ္ UEFA Pro လိုင္စင္ရ နည္းၿပ ပိုေပါ့သည္ ဘူလ္ေဂးရီးယား၊ ေမာ္လ္ဒိုဗာ၊ ေမာ္လဒိုက္စ္၊ အိုမန္၊ ထိုင္း၊ မေလးရွား စသည့္နိုင္ငံမ်ားတြင္ နည္းျပအျဖစ္ က်င္လည္ခဲ့သူ ျဖစ္သည္။ ပိုေပါ့အေနျဖင့္ လာမည့္ ၂၀၁၉ ေဖေဖာ္ဝါရီ ၄ ရက္ေန႔တြင္ ျမန္မာ ယူ-၂၃ အသင္းအား ေလ့က်င့္မႈမ်ား စတင္ျပဳလုပ္သြားရန္ စီစဥ္ေဆာင္ရြက္လ်က္ ရွိသည္။
” အာရွ ေဘာလုံးအဖြဲ႕ခ်ဴပ္ ၿပိဳင္ပြဲေတြမွာ ပရိုလိုင္စင္၊ (A) လိုင္စင္ နည္းျပေတြကိုပဲ လက္ေရြးစင္ အသင္းနဲ႔ ယူ-၂၃ လက္ေရြးစင္ အသင္းေတြကို ကိုင္တြယ္ခြင့္ရွိပါတယ္။ ပိုေပါ့ဟာ UEFA ပရိုလိုင္စင္နည္းၿပ ျဖစ္သလို ကၽြန္ေတာ္တို႔ သြားခ်င္တဲ့ Myanmar Football Philosophy အတိုင္းလုပ္ဖို႔ ရွင္းရွင္းလင္းလင္း ေျပာထားၿပီးပါၿပီ။ သူလည္း လုပ္နိုင္မယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ ေခတ္အေျခအေနက ေတာင္းဆိုတဲ့အတိုင္း အဆင့္ျမင့္မားတဲ့ လိုင္စင္နည္းျပကိုပဲ အသင္းကိုတာဝန္ ေပးရမွာပါ။ ယူ -၂၃ အသင္းဟာ စီနီယာ လက္ေရြးစင္ အသင္းနဲ႔ အနီးကပ္ဆုံး ျဖစ္တဲ့အတြက္ ဒီအသင္းကို အဆင့္ျမင့္သြားေအာင္ တည္ေဆာက္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းကို Professional က်က် ျပင္ဆင္ေလ့က်င့္ ပ်ိဳးေထာင္သြားရမွာပါ” ဟု MFF Technical Director မစၥတာ အဲရစ္ေက်ပာသည္။
” ဦးၾကည္လြင္ကိုလည္း သူႀကိဳးပမ္းသြားခဲ့တာေတြအတြက္ ေက်းဇူးတင္ပါတယ္။ သူ႔အေနနဲ႔ A လိုင္စင္ေအာင္ျမင္ဖို႔ ႀကိဳးပမ္းသင့္သလို တျဖည္းျဖည္း အရည္အခ်င္းျမင့္မားတဲ့ နည္းျပျဖစ္ေအာင္လည္း ႀကိဳးစားသင့္ပါတယ္။ ကၽြန္ေတာ္တို႔ သြားမယ့္ လမ္းေၾကာင္းအတိုင္း ဆိုရင္ ပေရာ္ဖက္ရွင္နယ္ ပီသဖို႔၊ စည္းကမ္းတက်ကိုင္တြယ္နိုင္ဖို ့ အေရးႀကီးပါတယ္။ ” ဟုဦးၾကည္လြင္ကို လက္တြဲျဖဳတ္လိုက္ရျခင္းႏွင့္ ပတ္သက္၍လည္း အဲရစ္က ရွင္းလင္းေျဖၾကားခဲ့သည္။
အသစ္ခန႔္အပ္မည့္ နည္းျပသည္ AFC အသိအမွတ္ျပဳ ပရိုလိုင္စင္ (သို႔) A လိုင္စင္ႏွင့္ ယင္းထက္ျမင့္ေသာ UEFA လိုင္စင္ရွိထားရန္၊ စည္းကမ္းေကာင္းမြန္ၿပီး အရက္ေသစာ ေသာက္စားမႈ မရွိေစရန္၊ အသင္းအား အေကာင္းဆုံး ဦးေဆာင္နိုင္ၿပီး ပေရာ္ဖက္ရွင္နယ္ ပီသရန္ စသည့္ Technical Director မစၥတာ အဲရစ္၏ နည္းျပမ်ား ေရြးခ်ယ္ခန႔္အပ္မႈ ေပၚလစီကို ျမန္မာနိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဴပ္ နည္းစနစ္ေကာ္မတီ အေနျဖင့္ သေဘာတူညီ ခြင့္ျပဳခဲ့သည္။
နိုင္ငံ ကိုယ္စားျပဳ လက္ေရြးစင္ အသင္းမ်ားတြင္ ယခင္ကရွိခဲ့သည့္ စည္းကမ္း ေဖာက္ဖ်က္မႈမ်ား၊ အရက္ေသစာ ေသာက္စားမႈမ်ားကို စာနာ ေထာက္ထားခဲ့ေသာ္လည္း ယေန႔အခ်ိန္တြင္ ထိုသို႔ျပဳမႈမ်ားအား သိရွိသည္ႏွင့္တၿပိဳင္နက္ ခ်က္ျခင္း အေရးယူ အျပစ္ေပးရန္ႏွင့္ ျပည္သူလူထုထံ အသိေပး ေၾကညာခ်က္ ထုတ္ရန္တို႔ကိုလည္း နည္းစနစ္ ေကာ္မတီက လမ္းညႊန္လိုက္သည္။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် AFC U-23 ခြေစစ်ပွဲဝင် မြန်မာယူ-၂၃ အသင်းနည်းပြချူပ် အဖြစ် ဘူလ်ဂေးရီးယား နည်းပြ ဗီလီဇာ ပိုပေါ့အား ယခုအပတ်အတွင်း ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်သည်။
အသက် (၄၂)နှစ်အရွယ် UEFA Pro လိုင်စင်ရ နည်းပြ ပိုပေါ့သည် ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ မော်လဒိုက်စ်၊ အိုမန်၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများတွင် နည်းပြအဖြစ် ကျင်လည်ခဲ့သူ ဖြစ်သည်။ ပိုပေါ့အနေဖြင့် လာမည့် ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မြန်မာ ယူ-၂၃ အသင်းအား လေ့ကျင့်မှုများ စတင်ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
” အာရှ ဘောလုံးအဖွဲ့ချူပ် ပြိုင်ပွဲတွေမှာ ပရိုလိုင်စင်၊ (A) လိုင်စင် နည်းပြတွေကိုပဲ လက်ရွေးစင် အသင်းနဲ့ ယူ-၂၃ လက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ခွင့်ရှိပါတယ်။ ပိုပေါ့ဟာ UEFA ပရိုလိုင်စင်နည်းပြ ဖြစ်သလို ကျွန်တော်တို့ သွားချင်တဲ့ Myanmar Football Philosophy အတိုင်းလုပ်ဖို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ သူလည်း လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခေတ်အခြေအနေက တောင်းဆိုတဲ့အတိုင်း အဆင့်မြင့်မားတဲ့ လိုင်စင်နည်းပြကိုပဲ အသင်းကိုတာဝန် ပေးရမှာပါ။ ယူ -၂၃ အသင်းဟာ စီနီယာ လက်ရွေးစင် အသင်းနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့အတွက် ဒီအသင်းကို အဆင့်မြင့်သွားအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကို Professional ကျကျ ပြင်ဆင်လေ့ကျင့် ပျိုးထောင်သွားရမှာပါ” ဟု MFF Technical Director မစ္စတာ အဲရစ်ကျေပာသည်။
” ဦးကြည်လွင်ကိုလည်း သူကြိုးပမ်းသွားခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ သူ့အနေနဲ့ A လိုင်စင်အောင်မြင်ဖို့ ကြိုးပမ်းသင့်သလို တဖြည်းဖြည်း အရည်အချင်းမြင့်မားတဲ့ နည်းပြဖြစ်အောင်လည်း ကြိုးစားသင့်ပါတယ်။ ကျွန်တော်တို့ သွားမယ့် လမ်းကြောင်းအတိုင်း ဆိုရင် ပရော်ဖက်ရှင်နယ် ပီသဖို့၊ စည်းကမ်းတကျကိုင်တွယ်နိုင်ဖို ့ အရေးကြီးပါတယ်။ ” ဟုဦးကြည်လွင်ကို လက်တွဲဖြုတ်လိုက်ရခြင်းနှင့် ပတ်သက်၍လည်း အဲရစ်က ရှင်းလင်းဖြေကြားခဲ့သည်။
အသစ်ခန့်အပ်မည့် နည်းပြသည် AFC အသိအမှတ်ပြု ပရိုလိုင်စင် (သို့) A လိုင်စင်နှင့် ယင်းထက်မြင့်သော UEFA လိုင်စင်ရှိထားရန်၊ စည်းကမ်းကောင်းမွန်ပြီး အရက်သေစာ သောက်စားမှု မရှိစေရန်၊ အသင်းအား အကောင်းဆုံး ဦးဆောင်နိုင်ပြီး ပရော်ဖက်ရှင်နယ် ပီသရန် စသည့် Technical Director မစ္စတာ အဲရစ်၏ နည်းပြများ ရွေးချယ်ခန့်အပ်မှု ပေါ်လစီကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ် နည်းစနစ်ကော်မတီ အနေဖြင့် သဘောတူညီ ခွင့်ပြုခဲ့သည်။
နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်းများတွင် ယခင်ကရှိခဲ့သည့် စည်းကမ်း ဖောက်ဖျက်မှုများ၊ အရက်သေစာ သောက်စားမှုများကို စာနာ ထောက်ထားခဲ့သော်လည်း ယနေ့အချိန်တွင် ထိုသို့ပြုမှုများအား သိရှိသည်နှင့်တပြိုင်နက် ချက်ခြင်း အရေးယူ အပြစ်ပေးရန်နှင့် ပြည်သူလူထုထံ အသိပေး ကြေညာချက် ထုတ်ရန်တို့ကိုလည်း နည်းစနစ် ကော်မတီက လမ်းညွှန်လိုက်သည်။