နွေရာသီ လူငယ် ဘောလုံးသင်တန်း ဖွင့်လှစ်မည်

The MFF » Education » နွေရာသီ လူငယ် ဘောလုံးသင်တန်း ဖွင့်လှစ်မည်

February 19, 2020 / By Admin

နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘောလုံးပညာများကို သင်ကြားပေးမည့် နွေရာသီ လူငယ် ဘောလုံးသင်တန်းကို လာမည့် မတ်လ ၁၁ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများတွင် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်သည်။

အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၁၀ နှစ်မှ ၁၅နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက် သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့် တစ်လကြာ သင်တန်းတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ အခြေခံ ဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

ဖူဆယ်သင်တန်းကိုမှု ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှိ ဖူဆယ်ကွင်းများတွင် ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ကျပ် (၃၀၀၀၀) သတ်မှတ်ထားပြီး ဝတ်စုံတစ်စုံစီအား သင်တန်းမှ ပေးအပ်မည်ဖြစ်သည်။

သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ပူးတွဲပါ Link မှ သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍ သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)နှင့် ပုသိမ်ဘောလုံးအကယ်ဒမီသို့ မတ်လ ၅ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်သည်။
ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ( ၀၉- ၇၆၆၆၈၇၂၉၁ )နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

http://www.mediafire.com/file/41d8ej0lu5lludr/Summer-Football-School.docx/file