AFC/MFF “B” Coaching Certificate Course (Part-2) သင်တန်းဆင်းပွဲ ကျင်းပ

The MFF » B-License » AFC/MFF “B” Coaching Certificate Course (Part-2) သင်တန်းဆင်းပွဲ ကျင်းပ

February 25, 2020 / By Admin

AFC/MFF “B” Coaching Certificate Course (Part-2) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်၂ နာရီ က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ MFF ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်မြင့်အောင်၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Eric Abramsနှင့်
တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်းအဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ Mr. Eric Abrams နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Sports Science ဖြစ်သူ Mr. Jens Eiberger တို့က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သင်တန်းနည်းပြများကို အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူများကို တစ်ဦးခြင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

AFC/MFF “B” Coaching Certificate Course (Part-2) သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၅ ရက်အထိ ၉ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၃ဦးနှင့် သင်တန်းသူ ၃ ဦးတို့ တက်ရောက်ခဲ့ကြသည်။