August 27, 2020 / By Admin
လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည့် အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ (AFC Futsal Club Championship) ကို မြန်မာ ဖူဆယ်ကလပ် VUC FC အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို အာရှနိုင်ငံများ၏ ပြည်တွင်းဖူဆယ်လိဂ်များမှ ချန်ပီယံအသင်းများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သော်လည်း ၂၀၁၉ မြန်မာ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော MIU FC အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဒုတိယရခဲ့သော VUC FC အသင်းက အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယမန်နှစ်ကလည်း MIU FC အသင်းက အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင့် VUC FC အသင်းက အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၂ ရက် မှ ၁၃ရက် အထိ ယူအေအီးနိုင်ငံတွင် ကျင်းပရန် လျာထားပြီး အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။