December 30, 2021 / By Admin
၂၀၂၁ ခုနှစ် စတုတ္ထအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ် 4th MFF Congress 2021 အခမ်းအနားအား ဒီဇင်ဘာ ၃၀ ရက်က Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Salman bin Ibrahim Al Khalifa နှင့် တာဝန်ရှိသူများ၊ အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Wiston Lee ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ပေါင်း ၂၁၁ မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Salman bin Ibrahim Al Khalifa မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညီလာခံ ၂၀၂၁ တွင် အာရှဘောလုံး အဖွဲ့ချုပ်ကိုယ်စား မိန့်ခွန်းပြောကြားခွင့် ရခြင်းအတွက် ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် FIFA ၊ AFC တို့၏ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဖွဲ့ချုပ်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြန်လည်ပြင်ဆင်ဖို့ FIFA၊ AFC တို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ၊ AFC အနေဖြင့် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်မိ ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စတုတ္ထအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ညီလာခံ အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ခဲ့သည်။
ညီလာခံတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင်ကျင်းပသော တတိယအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံ၏ မှတ်တမ်းအား အတည်ပြုကြေညာခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရငွေ/ သုံးငွေနှင့် လက်ကျန်စာရင်းတင်ပြခြင်း၊ ငွေစာရင်းနှင့် ပတ်သက်၍ ပြင်ပ(အပြင်) စာရင်းစစ်အဖွဲ့၏ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် အစီရင်ခံစာ တင်ပြခြင်း၊ ၂၀၂၂ ခုနှစ်အတွက် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေစာရင်း တင်ပြခြင်း၊စာရင်းအင်းပိုင်းဆိုင်ရာ စစ်ဆေးရန်နှင့် အတည်ပြုပေးရန် မှတ်ပုံတင် စာရင်းကိုင်အဖွဲ့ခန့်အပ်ခြင်း အတည်ပြုခြင်းများကို ပြုလုပ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး စတုတ္ထအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံ ပြီးဆုံးခဲ့သည်။
MFF Annual Report 2021
Download- https://www.mediafire.com/file/gbn2ygl41rw25j4/MFF_2021_Activities_Report_%25281%2529.pdf/file