MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်းဆင်းပွဲကျင်းပ

The MFF » Activities » MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်းဆင်းပွဲကျင်းပ

March 28, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -1 (Football/ Futsal) သင်တန်းဆင်းပွဲကို မတ် ၂၈ရက် နံနက် ၁၀ နာရီ အချိန်က သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဉီးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

မတ် ၂၄ မှ ၂၈ ရက်အထိ ဖွင့်လှစ်ခဲ့သော ယင်းသင်တန်းတွင် အသက် ၃၅ နှစ်အောက် ဖူဆယ်ဒိုင်လူကြီးများ၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ ဖြစ်ကြသည့် သင်တန်းသား ၁၆ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program ကို Module သုံးခုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ Module 2 ကို မေလတွင်လည်းကောင်း၊ Module 3 ကို ဩဂုတ်လတွင်လည်းကောင်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။