ဖိလစ်ပိုင်ကို အနိုင်ယူပြီး အုပ်စု(က)ကို ဦးဆောင်ခဲ့တဲ့ မြန်မာယူ-၂၃အသင်း

The MFF » competition » ဖိလစ်ပိုင်ကို အနိုင်ယူပြီး အုပ်စု(က)ကို ဦးဆောင်ခဲ့တဲ့ မြန်မာယူ-၂၃အသင်း

May 10, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို ၃-၂ဂိုးဖြင့် အနိုင်ရရှိပြီးနောက် မြန်မာအသင်းသည် ရမှတ် (၆)မှတ်ဖြင့် ပြိုင်ပွဲ၏ အုပ်စု(က)ကို ဦးဆောင်နိုင်ခဲ့သည်။

ယင်းပွဲစဉ်ကို မေ ၁၀ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Viet Tri Stadium တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအသင်းသည် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်းပွဲထွက်လာခဲ့ပြီး ပွဲအစကတည်းက ဖိလစ်ပိုင်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ မြန်မာအသင်း၏ မြန်ဆန်သောတိုက်စစ်တွဲလုံးများဖြင့် ပွဲချိန် ၂ မိနစ် ကတည်းက ဝင်းနိုင်ထွန်း၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးရရှိပြီးနောက် မြန်မာအသင်းက ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဂိုးကံခေမှုကြောင့် အပိုင်အခွင့်အရေးအချို့ကို လွဲချော်ခဲ့ရသည်။

ပွဲချိန် ၃၄မိနစ်တွင် ဖိလစ်ပိုင်အသင်း၏ ချေပဂိုးကို ခွင့်ပ​ြုခဲ့ရပြီး ၃၈မိနစ်တွင် ပင်နယ်တီထပ်မံပေးခဲ့ရသောကြောင့် ပထမပိုင်းအပြီး ဖိလစ်ပိုင်အသင်းက ၂-၁ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းကစားသမားများ အချင်းချင်း အချိတ်အဆက်မိမိဖြင့်နားလည်မှုပိုမိုကောင်းမွန်လာခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက်ဂိုးများကို ပွဲချိန် ၅၁မိနစ်တွင် လွင်မိုးအောင်၊ ပွဲချိန် ၅၄မိနစ်တွင် စိုးမိုးကျော်တို့က သွင်းယူပေးခဲ့သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ” လိုချင်တဲ့အနိုင်သုံးမှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ပွဲမတိုင်ခင်ကတည်း ချမှတ်ထားတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားအားလုံးကို ချီးကျူးချင်ပါတယ်။ ပြိုင်ပွဲမစခင်ကတည်းက ပြောထားခဲ့တဲ့အတိုင်း တစ်ပွဲချင်းကိုပဲအာရုံစိုက်ပြီး သေချာပြင်ဆင်ခဲ့ပါတယ်။ နှစ်ပွဲမှာ ၆မှတ်အပြည့်ရရှိနိုင်ခဲ့ပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်ရောက်နိုင်ဖို့အတွက် ထပ်ကြိုးစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် အုပ်စု တတိယပွဲစဉ်အဖြစ်လာမည့် မေ ၁၃ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

PosTeamPldWDLGFGAGDPts
1Myanmar220064+26
2Philippines311163+34
3Vietnam211030+34
4Indonesia21014403
5Timor-Leste3003311-80
Current Standing Table