အိမ်ရှင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသား ဖူဆယ်အသင်း

The MFF » Futsal » အိမ်ရှင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသား ဖူဆယ်အသင်း

May 18, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၁၈ရက်)တွင် Ha Nam Gymnasium ၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၄-၀) ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ကျော်ထက်အောင်(ဂိုး)၊ မျိုးသက်အောင်၊ ဝေဇင်ဦး၊ ခင်ဇော်လင်း၊ သိုင်းဘွဲ့အောင် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်းကို
ရင်ဆိုင်ခဲ့သည်။

ပွဲချိန် ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိသဖြင့် ဂိုးမရှိသရေ ကျနေခဲ့သည်။ ပွဲချိန်ဒုတိယပိုင်း အစပိုင်းတွင် ဗီယက်နမ်အသင်းက (၁)မိနစ်အတွင်း (၃)ဂိုးသွင်းယူသွားသဖြင့် ပွဲအလှည့်အပြောင်းဖြစ်သွားခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန် Power Play ကစားခဲ့သော်လည်း ဗီယက်နမ်အသင်းက နောက်ထပ်(၁)ဂိုး သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် (၄-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ (၃) ပွဲပြီးချိန်တွင် (၃)ပွဲစလုံး ရူံးနိမ့်ထားပြီး မေ ၂၀ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အစောပိုင်းယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့ပွဲစဉ်တွင်(၁-၁) ဂိုး သရေရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။

Standing

PosTeamPldWDLGFGAGDPts
1Indonesia 4220112+98
2 Vietnam 3210122+107
3 Thailand 321094+57
4 Myanmar 3003112−110
5Malaysia 3003316−130

Gallery