AFC နှင့် MFF တို့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးနည်းပြသင်တန်းဖွင့်လှစ်

The MFF » Activities » AFC နှင့် MFF တို့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးနည်းပြသင်တန်းဖွင့်လှစ်

June 11, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သော AFC Fitness – Level 1A Coaching Certificate Course 2022 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများအား သင်တန်းသားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခြင်းပြုလုပ်ခဲ့သည်။
ယင်းနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh မှ နူတ်ခွန်းဆက် စကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

AFC Fitness – Level 1 A Coaching Certificate Course 2022 သင်တန်းကို ဇွန် ၁၁ မှ ၁၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း သား၊သင်တန်းသူ စုစုပေါင်း ၁၁ ဦး တက်ရောက်မည်ဖြစ်သည်။