AFC နှင့် MFF တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြံ့ခိုင်ရေးနည်းပြ သင်တန်းဆင်းပွဲပြုလုပ်

The MFF » Activities » AFC နှင့် MFF တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြံ့ခိုင်ရေးနည်းပြ သင်တန်းဆင်းပွဲပြုလုပ်

June 15, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သော AFC Fitness – Level 1A Coaching Certificate Course 2022 သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် သင် တန်းသားများက သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh ကို အမှတ်တရလက်ဆောင် ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ AFC Fitness – Level 1 A Coaching Certificate Course 2022 သင်တန်းကို ဇွန် ၁၁ မှ ၁၅ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁ ဦး တက်ရောက်ခဲ့သည်။