AFC Futsal Level – 1 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ

The MFF » Activities » AFC Futsal Level – 1 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ

July 23, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level – 1 Coaching Certificate Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ Mr. Bunlert Cheowarang ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ လက်ထောက် သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဖူဆယ်နှင့် သဲသောင် ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြဆရာ Mr. Bunlert Cheowarangတို့က သင်တန်းအဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC Futsal Level – 1 Coaching Certificate Course သင်တန်းကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီးသင်တန်း သား ၁၇ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်လျက်ရှိသည်။