August 4, 2022 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -2 (Football/ Futsal) သင်တန်းဆင်းပွဲကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။

ယင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဦးကိုကိုသိန်းတို့က သင်တန်းအဖွင့် အမှာစကား အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားတစ်ဦးမှ သင်တန်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ဩဂုတ် ၂ မှ ၄ ရက်အထိဖွင့်လှစ်ခဲ့သည့် ယင်းသင်တန်းသို့ အသက် ၃၅ နှစ်အောက် ဖူဆယ်ဒိုင်လူကြီးများ၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ ဖြစ်ကြသည့် သင်တန်းသား ၁၅ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်ခဲ့ကြသည်။

MFF Future & Development Group of Referee program ၏ Module 3 ကို ၂၀၂၂ ခုနှစ်အတွင်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်သည်။
