FIFA Amateurs Football ဆွေးနွေးပွဲကျင်းပ

The MFF » Activities » FIFA Amateurs Football ဆွေးနွေးပွဲကျင်းပ

September 16, 2022 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင် နိုင်ငံများ ကျင်းပမည့် အပျော်တမ်းဘောလုံးတိုး တက် ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပွဲကို ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် စက်တင်လာ ၁၆ ရက် က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့််အောင်နှင့် တာဝန်ရှိသူများ၊ FIFA မှ နည်းစနစ် အကြံပေး Mr. Caslib Aris တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း အပျော်တမ်း အသင်းကောင်းများပေါ်ထွက်လာရေး၊ ဘောလုံးကစားသ မားကောင်းများ ပေါ်ထွက်လာရေး၊ Stakeholderများ စပွန်ဆာများနှင့် ပူးပေါင်း၍ အပျော်တမ်း ဘောလုံးပြိုင် ပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။