ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလေ့ကျင့်မှုများ နိုဝင်ဘာ ၁၈ ရက်နေ့ စတင်မည်

The MFF » Latest Activities » ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလေ့ကျင့်မှုများ နိုဝင်ဘာ ၁၈ ရက်နေ့ စတင်မည်

November 14, 2022 / By Admin

နည်းပြချုပ် အန်တွမ်နီဟေး တာဝန်ယူထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့၊ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ကစားရန် ရှိနေပြီး အဆိုပါ ခြေစမ်းပွဲနှင့် လေ့ကျင့်ရေး ခရီးစဉ်အတွက် ဆန်ခါတင် ကစားသမား ၂၅ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်သွားမည် ဖြစ်သည်။

နည်းပြချုပ် အန်တွမ်နီဟေးသည် ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များမှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမား (၄၄)ဦးအား စုပေါင်း၍ မြန်မာ ယူ၂၃ အသင်းနှင့်အတူ နိုဝင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တို့တွင် အသင်း(၄)သင်း ပတ်လည်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေပြီး ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမား ၂၅ ဦး (ပြည်တွင်း) ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ ၄ သင်းပတ်လည်း ခြေစမ်းပွဲများ ကစားရာတွင် မြန်မာအသင်း လက်ထောက်နည်းပြများဖြစ်သည့် ခီမေးလ် ဟာလက်က အဝါအသင်း၊ ဦးကြည်လွင်က အစိမ်းအသင်း၊ ဦးအောင်ကျော်မိုးက အနီအသင်း တို့ကိုတာဝန်ယူပြီး ယူ၂၃ အသင်းအတွက် ဗီလစ်ဇာ ပိုပေါ့က တာဝန်ယူသွားမည်ဖြစ်သည်။

လေးသင်းပတ်လည် ခြေစမ်းပြီးနောက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၂၅ ဦးနှင့် ပြည်ပ ထွက်ကစားနေသည့် ကစားသမားများအား စုစည်း၍ ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် လေ့ကျင့်နေစဉ်အတွင်း ထိုင်းလက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ ထိုင်းလိဂ်အသင်းများနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကာ မကြာမီ ယှဉ်ပြိုင်ရမည့် AFF MITSUBSHI ELECTRONIC CUP 2022 အတွက် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။

Match Schedule

Match NoDateTimeTeamField
119 Nov 20228:00 AMGreen Vs RedYTC
219 Nov 20224:00 PMYellow Vs U22YTC
321 Nov 20228:00 AMRed Vs YellowYTC
421 Nov 20224:00 PMU22 Vs GreenYTC
523 Nov 20228:00 AMRed Vs U22YTC
623 Nov 20224:00 PMYellow Vs GreenYTC
နည်းပြ ခီမေးလ် ဟာလက် အဝါရောင်အသင်း.
NoName Club
1Kyaw Zin PhyoShan United FC
2Hein Zayar LinYangon United FC
3Wai Yan OoMyawaddy FC
4Ye Min ThuShan United FC
5Ye Lin HtetHantharwady United FC
6Aung Naing WinAyarwaddy United FC
7Kyaw Zin LwinShan United FC
8Naing Zin HtetMyawaddy FC
9Yar Zar AungAyarwaddy United FC
10Lin Htet SoeISPE
11Yan Naing OoYangon United FC
SUBThet Paing KoMyawaddy FC
SUBThet NaingYadanarbon FC
SUBKhin Kyaw WinISPE
SUBNay Moe NaingHantharwady United FC
နည်းပြ ဦးကြည်လွင်အစိမ်းရောင်အသင်း.
NoName Club
1Tun Nanda OoMyawaddy FC
2Zaw Ye TunYadanabon FC
3Thiha Htet AungYangon United FC
4Nanda KyawShan United FC
5David HtanYangon United FC
6Hlaing Bo BoYadanabon FC
7Win Naing TunYangon United FC
8Yan Kyaw HtweAyarwaddy United FC
9Kyaw Min OoYangon United FC
10Ye Yint Aung 2Yadanabon FC
11Myat Kaung KhantShan United FC
GK SUBPyae Phyo ThuYadanabon FC
SUBZin Phyo AungShan United FC
SUBZwe Khant MinShan United FC
SUBAee Soe
နည်းပြ ဦးအောင်ကျော်မိုးအနီရောင်အသင်း
NoName Club
1San Satt NaingYangon United FC
2Naung Naung SoeYadanabon FC
3Ye Yint Aung 1Hantharwady United FC
4Win Moe KyawHantharwady United FC
5Than Toe AungGFA
6Kaung Myat ThuAyarwaddy United FC
7Lar Din Maw YarHantharwady United FC
8Wai Lin AungISPE
9Thet Wai MoeMyawaddy FC
10Khun Kyaw Zin HeinHantharwady United FC
11Zin Ko HtetAyarwaddy United FC
SUBAung Wunna SoeYadanabon FC
SUBNyi Nyi AungAyarwaddy United FC
SUBZwe Htet MinShan United FC