Technical Leadership Development Seminar for MA Technical Directors သို့မြန်မာမှ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် တက်ရောက်ခဲ့

The MFF » Latest Activities » Technical Leadership Development Seminar for MA Technical Directors သို့မြန်မာမှ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် တက်ရောက်ခဲ့

November 14, 2022 / By Admin

ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့သည့် MA Technical Directors များအတွက် နည်းစနစ်ဆိုင်ရာ ဦးဆောင်မှုဖွံ့ဖြိုးရေး ဆွေးနွေးပွဲ (Technical Leadership Development Seminar for MA Technical Directors)သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် တက်ရောက်ခဲ့သည်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်ကျင်းပသည့် အဆိုပါ Seminar သို့ အာရှဒေသအတွင်းရှိ နိုင်ငံများမှ နည်းစနစ်ဒါရိုက်တာ ၁၈ ဦးတက်ရောက်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ၊ ဖိအားများနှင့် စိုးရမ်ဖွယ်ရာများအား တက်ရောက်လာသူများ အတူတကွ ဆွေးနွေးအဖြေရှာခဲ့ကြသည်။ တက်ရောက်လာသည့် နိုင်ငံများမှ နည်းစနစ်ဒါရိုက်တာများ အနေဖြင့်လည်း ကိုယ်တိုင်ပြုလုပ်ရေးဆွဲထားသည့် Presentations များအားတင်ပြ၍ အတူတကွ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများကို ဖီဖာမှ သက်ဆိုင်ရာ ဒေသအလိုက် စီစဉ်ကျင်းပလျက်ရှိပြီး ဖီဖာနည်းစနစ်ဆိုင်ရာ ကျွမ်းကျင်သူများကိုယ်တိုင် လာရောက်၍ ဆွေးနွေးခြင်း မျှဝေခြင်းများ ပြုလုပ်ခဲ့သည်။