ထိုင်းနှင့်ခြေစမ်းမည့် မြန်မာအသင်းအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်း နည်းပြချုပ် အန်တွမ်နီဟေး ထုတ်ပြန်

The MFF » Activities » ထိုင်းနှင့်ခြေစမ်းမည့် မြန်မာအသင်းအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်း နည်းပြချုပ် အန်တွမ်နီဟေး ထုတ်ပြန်

November 24, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်းအား ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကစားသမား ၂၅ ဦးသည် လေးပွင့်ဆိုင် ခြေစမ်းပွဲမှ ရွေးချယ်ထားသည့် ပြည်တွင်းလိဂ် ကလပ်များမှ ကစားသမားများသာ ဖြစ်ကြပြီး ပြည်ပတွင် သွားရောက် ကစားနေသည့် ကစားသမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမည် ဖြစ်သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ယနေ့ ထုတ်ပြန်သည့် ကစားသမား ၂၅ ဦးနှင့် ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပူးပေါင်းလေ့ကျင့်ပြီးသည်နှင့် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်း လက်ရွေးစင် အသင်းတို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာလ ၁၁ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ခြေစမ်းပွဲအပြီးတွင် AFF MITS UBISHI ELECTRIC CUP 2022 ပြိုင်ပွဲအတွက် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းအား ထုတ်ပြန်သွားမည် ဖြစ်သည်။

လေးပွင့်ဆိုင်ခြေစမ်းပွဲ ရုပ်သံ