AFC/ MFF B Diploma Coaching Course Part 1 သင်တန်းဖွင့်ပွဲ ကျင်းပ

The MFF » B-License » AFC/ MFF B Diploma Coaching Course Part 1 သင်တန်းဖွင့်ပွဲ ကျင်းပ

November 28, 2022 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B Diploma Coaching Course Part 1 သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာနှင့် သင်တန်းနည်းပြဆရာဖြစ်သူ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဖြစ်သူ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက် အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၆ ရက်အထိ ဖွင့်လှစ်မည့် AFC/ MFF B Diploma Coaching Course Part 1 သင်တန်းတွင် သင်းတန်းသား ၂၁ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်လျက်ရှိသည်။