MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကျင်းပမည်

The MFF » Academy (MDY) » MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကျင်းပမည်

December 22, 2022 / By Admin

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို U-14 & U-15 ပြိုင်ပွဲ U-12 & U-13 ပြိုင်ပွဲ နှစ်ခုခွဲကာ ကျင်းပမည်ဖြစ်သည်။ U-12 & U-13 ပြိုင်ပွဲတွင် အသင်းပေါင်းငါးသင်းပါဝင်မည်ဖြစ်ပြီး ရန်ကုန်အကယ်ဒမီ၊ မန္တလေး အကယ်ဒမီ၊ ပုသိမ် အကယ်ဒမီ၊တပ်မတော်အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U-14 & U-15 ပြိုင်ပွဲ၌ အသင်းခြောက်သင်းပါဝင်မည် ဖြစ်ပြီး ရန်ကုန် အကယ်ဒမီ (က)၊ (ခ)၊ ပုသိမ်အကယ်ဒမီ (က)၊ (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ပါဝင်ကြမည်ဖြစ်သည်။

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၃ ရက်မှ စတင်၍ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။