December 28, 2022 / By Admin
MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ U-14 & U-15 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်းက ဗိုလ်စွဲခဲ့သည်။

U-14 & U-15 ပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်းပါဝင်ပြီး ရန်ကုန် အကယ်ဒမီ (က)နှင့် (ခ)၊ ပုသိမ်အကယ်ဒမီ (က)နှင့် (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ(က) အသင်းက ငါးပွဲကစား၊ ငါးပွဲနိုင်၊ ရမှတ် ၁၅ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို (U-12 & U-13)၊ (U-14 & U-15) ပြိုင်ပွဲ နှစ်ခုခွဲကာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်ထိ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး (U-12 & U-13) ပြိုင်ပွဲတွင်လည်း ပုသိမ်အကယ်ဒမီ (U-12 & U-13) အသင်းကပင် ဗိုလ်စွဲခဲ့သည်။
