AFC-MFF “B” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

The MFF » Activities » AFC-MFF “B” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

February 9, 2023 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B DiplomaCoaching Course သင်တန်း ဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ အဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာနှင့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်၊ လက်ထောက် သင်တန်းနည်းပြများဖြစ်ကြသော ဦးအောင်ဇော်မျိုး၊ ဦးဘုန်းညွန့်ကိုနှင့် တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်နှင့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို သင်တန်းပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC/ MFF B Diploma Coaching Course သင်တန်းတွင် သင်းတန်းသား ၂၁ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ခဲ့ကြသည်။