February 24, 2023 / By Admin
MFF Rhino Futsal League 2022 ပြိုင်ပွဲအတွက် ပွဲကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် MFF Rhino Futsal League 2022 ပြိုင်ပွဲ၏ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသစ်ပြင်ဆင်ထားသော ဖူဆယ် ဥပဒေများကို ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ဝတ်ဆင်မည့် ဂျာစီ အရောင်များကို အတည်ပြုခဲ့ကြသည်။
MFF Rhino Futsal League 2022 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။

MFF Rhino Futsal League 2022 ပြိုင်ပွဲ Game Week တစ်ခုလျှင် ပွဲစဉ် ၃ ပွဲကို MFF Futsal Facebook Page နှင့် T-Creation YouTube Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။