March 14, 2023 / By Admin
၂၀၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင်
မတ် ၁၄ရက်မှ ၂၄ရက် အထိ သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၄ဦးဖြင့် သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ် ၁၇ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ် ၁၉ ရက်တွင် Sichuan FC ၊ မတ် ၂၂ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။
၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် ၂၀၂၂ အပြီး နိုဝင်ဘာလမှ စတင်ကာ ပဏာမ ကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ် ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ လက်ခံ ကျင်းပရန် စီစဉ်လျက်ရှိသည်။
တရုတ် ခြေစမ်းခရီးသွားရောက်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လူစာရင်း
နည်းပြချုပ် – ဒေါ်သက်သက်ဝင်း
လက်ထောက်နည်းပြများ – ဒေါ်စန်းစန်းမော်၊ ဦးစထက်နိုင်ဝင်း
ဂိုးနည်းပြ – ဦးယဉ်မင်းအောင်
- ကစားသမားများ-
ဂိုး – မေဇင်နွယ်(မြဝတီအက်ဖ်စီ) ၊ ဇူးလတ်နဒီ(ISPE FC)၊ မျိုးမြမြငြိမ်း(သစ္စာအားမာန်အက်ဖ်စီ)
နောက်တန်း – မိုးမမစိုး (Sports and Education FC)၊ ဇွန်ယုယဦး(မြဝတီအက်ဖ်စီ)၊ မေသက်မွန်မြင့်(သစ္စာအားမာန်အက်ဖ်စီ)၊ အေးအေးမိုး(မြဝတီအက်ဖ်စီ)၊ ခင်မျိုးဝင်း(ISPE FC)၊ ဖြူဖြူဝင်း၊ အိအိကျော်(ISPE FC)
အလယ်တန်း – ခင်မာလာထွန်း(ISPE FC)၊ နန့်မေသဇင်(ISPE FC)၊ ခင်မိုမိုထွန်း(သစ္စာအားမာန်အက်ဖ်စီ)၊ ရူပါခိုင်(မြဝတီအက်ဖ်စီ)၊ မေစပါယ်ဖူး(မြဝတီအက်ဖ်စီ)၊ ပုံပုံပြည့်မောင်(မြဝတီအက်ဖ်စီ)၊ လင်းမြင့်မိုရ်(ISPE FC)၊ နော်ထက်ထက်ဝေ(မြဝတီအက်ဖ်စီ)၊ ဝေဖူးအိမ်(သစ္စာအားမာန်အက်ဖ်စီ)
ရှေ့တန်း – ဆုပြည့်ပြည့်ကျော်(ISPE FC)၊ မြတ်နိုးခင်(သစ္စာအားမာန်အက်ဖ်စီ)၊ စန်းသော်သော်(မြဝတီအက်ဖ်စီ)၊ ဂျူလိုင်ကျော်(သစ္စာအားမာန်အက်ဖ်စီ)၊ ရွှေရီထွန်း (ISPE FC)