AFC Futsal Fitness Level 1 သင်တန်း ဖွင့်လှစ်မည်

The MFF » Coaches » AFC Futsal Fitness Level 1 သင်တန်း ဖွင့်လှစ်မည်

March 14, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Fitness Level 1 Coaching Certificate Course ကို ဧပြီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မတ် ၂၁ ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်

  1. AFC Futsal – Level အောင်မြင်ပြီး အနည်းဆုံး သက်တမ်း (၁)နှစ်ရှိရမည်။
  2. ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။
  3. ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင် လက်တွေ့လေ့ကျင့်မှု သင်ခန်းစာများကို လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
  4. သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
  5. အင်္ဂလိပ်ဘာသာကို အတော်အသင့် နားလည်သူဖြစ်ရမည်။
  6. ကွန်ပျူတာဗဟုသုတ ရှိရမည်ဖြစ်ပြီး Power Point ဖြင့်တင်ပြဆွေးနွေးနိုင်ရမည်။
  7. သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပါက သင်တန်းဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေ ကျပ် တစ်သိန်း၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာခုနှစ်ရာ ပေးသွင်းရမည်ဖြစ်သည်။

သင်တန်းကို ဧပြီ ၃ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။