မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဂျပန် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

The MFF » Latest Activities » မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဂျပန် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

March 15, 2023 / By Admin

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲသို့ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မတ် ၁၆ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံမှ အသင်း (၁၀) သင်း၊ ဂျပန် ယူ -၁၇ အမျိုးသမီးလက်ရွေးစင်အသင်း၊ ဂျပန်အမျိုးသမီးကလပ် ယူ -၁၇ အိုကီနာဝါ အက်ဖ်စီအသင်း အပါအဝင် စုစုပေါင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်း (၁၂)သင်းကို (၃) သင်းပါ (၄) အုပ်စုခွဲ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် အုပ်စု (C) တွင် ဂျပန်၊ ဖိလစ်ပိုင်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက် နေပြီး အုပ်စု (A)တွင် အိုကီနာဝါအက်ဖ်စီ၊ ဗီယက်နမ်၊ မလေးရှား၊ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု (D)တွင်ထိုင်း၊ လာအို၊ တီမော တို့ ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် မတ် ၁၇ တွင် ဂျပန်အသင်းနှင့်လည်းကောင်း၊ မတ် ၁၉ တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များပြီးပါက မတ် ၂၀ တွင် အုပ်စု( A) တတိယအသင်းနှင့် အုပ်စု (B) တတိယအသင်း၊ အုပ်စု (C)တတိယအသင်းနှင့် အုပ်စု (D) တတိယအသင်း၊ အုပ်စု( A) ဒုတိယအသင်းနှင့် အုပ်စု (B) ဒုတိယအသင်း၊ အုပ်စု (C)ဒုတိယအသင်းနှင့် အုပ်စု (D) ဒုတိယအသင်း၊ အုပ်စု ( A) ပထမအသင်းနှင့် အုပ်စု (B) ပထမအသင်း၊ အုပ်စု (C) ပထမအသင်းနှင့် အုပ်စု (D) ပထမအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထို့နောက် မတ်၂၁ တွင် အဆင့် ၁၁ နှင့် အဆင့် ၁၂ နေရာအတွက် အုပ်စု( A) တတိယအသင်း – အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းပွဲစဉ် တို့မှ အရေးနိမ့်သော အသင်းနှစ်သင်း၊ အဆင့် ၉ နှင့် အဆင့် ၁၀ နေရာအတွက်အုပ်စု ( A) တတိယအသင်း- အုပ်စု (B) တတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)တတိယအသင်း – အုပ်စု (D) တတိယအသင်းတို့ ပွဲစဉ် မှ အနိုင်ရသောအသင်း နှစ်သင်း၊ အဆင့် ၇ နှင့် အဆင့် ၈ နေရာအတွက် အုပ်စု( A) ဒုတိယအသင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ် – အုပ်စု (C)ဒုတိယ အ သင်း နှင့် အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၅ နှင့် အဆင့် ၆ နေရာအတွက် အုပ်စု( A) ဒုတိယ အ သင်း- အုပ်စု (B) ဒုတိယအသင်းပွဲစဉ်နှင့် အုပ်စု (C)ဒုတိယအသင်း – အုပ်စု (D) ဒုတိယအသင်းပွဲစဉ်တို့မှ အနိုင်ရသောအသင်းနှစ်သင်း၊ အ ဆင့် ၃ နှင့် အဆင့် ၄ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမအသင်းပွဲစဉ်နှင့် အုပ်စု (C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အရေးနိမ့်သောအသင်းနှစ်သင်း၊ အဆင့် ၁ နှင့် အဆင့်၂ နေရာအတွက် အုပ်စု( A) ပထမအသင်း- အုပ်စု (B) ပထမ အ သင်းပွဲစဉ်နှင့် အုပ်စု(C)ပထမအသင်း – အုပ်စု (D) ပထမအသင်းပွဲစဉ်တို့မှ အနိုင်ရ သောအသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် အတွက် မတ် ၁၄ ရက်က ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဒေါ်ဆုပြည့်စုံအောင်၊ နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၅ ဦး၊ ကစားသမား ၁၇ ဦး၊ စုစုပေါင်း၂၂ ဦးလိုက်ပါသွားသည်။

မြန်မာအမျိုးသမီး ယူ- ၁၇ အုပ်ချုပ်/နည်းပြစာရင်း
အသင်းမန်နေဂျာ- ဒေါ်ဆုပြည့်စုံအောင်
နည်းပြချုပ် – ဒေါ်စန်းစန်းသိန်း
လက်ထောက်နည်းပြ – ဒေါ်မာလာဝင်း၊
ဂိုးနည်းပြ – ဒေါ်မေခင်ယမင်း
အသင်းဆရာဝန်- ဒေါက်တာ ဖြိုးသက်လှိုင်ဝင်း

မြန်မာအမျိုးသမီး ယူ- ၁၇ ကစားသမား စာရင်း
ဂိုး – သူဇာအောင်၊ အိတာယာ။
နောက်တန်း – သဲအိလှိုင်၊ မင်းမင်းနု၊ ယမင်းဖြူ၊ ယုယုနိုင်။
အလယ်တန်း – ဇခါရိုရ်စီ ၊ ချမ်းမြေ့ထွန်း၊ မြတ်နိုးအောင်၊ ငြိမ်းငြိမ်းဖြိုး၊ နှင်းဝေနှင်း၊ ခင်ဖုန်း၊ ကေသွယ်ဖြိုးဦး။
ရှေ့တန်း – ပန်းအိနွယ်၊ အကူးမွန်းရမ်၊ နှင်းလတ်လတ်လှိုင်၊ ယုယနိုင်။