2024 AFC Women’s Olympic Qualifying Tournament first round အတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်

The MFF » competition » 2024 AFC Women’s Olympic Qualifying Tournament first round အတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်

March 20, 2023 / By Admin

လာမည့် ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် 2024 AFC Women’s Olympic Qualifying Tournament first round အုပ်စု (ခ) ပွဲစဉ်များတွင် သတင်းလာရောက်ယူလိုသော မီဒီယာများအတွက် မီဒီယာဝင်ခွင့်ကတ်ပြားများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအနေဖြင့် မောလ်ဒိုက်စ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

သတင်းတက်ရောက်ယူလိုသော မီဒီယာများအနေဖြင့် အောက်ပါ Links မှ Media Accreditation Application Form တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဌာနသို့ ဧပြီ ၁ ရက်နောက်ဆုံးထား၍ လျောက်ထားနိုင်ပြီ ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

https://www.mediafire.com/file/ntbdkn6yw0zpgmx/Womens_Olympic__Qualification_2024.docx/file