March 29, 2023 / By Admin
Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း စတင်ကျင်းပသွားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။
လာမည့် ဧပြီ ၁ရက်မှ ၇ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့တွင် ကျင်းပမည့် Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်၏ အုပ်စု (ဃ)တွင် တာဝန်ယူကိုင်တွယ်ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဂေးပလောင် တို့က ရွေးချယ်ခံခဲ့ရပါသည်။
အဆိုပါ အုပ်စု (ဃ)တွင် အိမ်ရှင်ထိုင်း၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ သီရိလင်္ကာ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။