April 19, 2023 / By Admin
AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။
လာမည့် ဧပြီ ၂၂ရက်မှ ၂၆ရက်အထိ ဗီယက်နမ်တွင် ကျင်းပမည့် AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်၏ အုပ်စု (ဂ)တွင် တာဝန်ယူကိုင်တွယ် ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်း တို့က ရွေးချယ်ခံခဲ့ရပါသည်။
အဆိုပါ အုပ်စု (ဂ)တွင် အိမ်ရှင်ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်၊ ပါလက်စတိုင်း၊ ဘာရိန်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။